ချမ်းမြေ့သူက "ဟုတ်သားပဲ နင်ကလည်း ဟိုကလေးမ ပြော ပြောချင်စရာ ငါတို့ အုပ်စုထဲ နင်အစားဆုံး ပြီးရင် နင်လူကောင်အသေးဆုံးပဲ"ဟု ပြောရင်း ထောက်ခံလေသည်။

"ဟာ ငါ့ထမင်းချိုင့်က break timeမှာ စားလို့ ကုန်သွားပြီ အိမ်က မနက်စာ စားမလာခဲ့ရဘူးဟ နင်တို့ကလည်း ပြောဖို့ကြည့်ပဲ"ဟု ပြန်ဖြေရှင်းရင်း စားပွဲထိုးကို ဟမ်ဘာဂါ တစ်လုံး မြန်မြန်လာချပေးဖို့ ပြောလိုက်တော့ ရှင်းသန့်နှင့် ချမ်းမြေ့မတို့ မျက်စောင်းက နဂါးဆို ဒီနေရာမှာတင် ပြာကျသွားလောက်သည်။

"နင်တို့ကလည်းဟာ သူစားချင်တာစားပါစေဟ အမြဲသူများစားမဲ့ဟာက်ို လိုက်ပိတ်ပင်နေတာ ငရဲအိုးထဲရောက်မဲ့ ကလေးမတွေ"ဆိုပြီး အုပ်စိုးက ပြောလျှင် မင်းစစ်က ခေါင်းညိတ်ပြီး ထောက်ခံလေသည်။

"အေးအေး မပြောတော့ဘူးဟေ့ နင်တို့ပဲ ချစ်ကြ ချစ်ကြ သိလား "ဟု ချမ်းမြေ့သူ မျက်စောင်းထိုးပြီးပြောပြနလျှင် တစ်ဖွဲ့လုံးတဝါးဝါး တဟားဟားဖြင့်ရယ်ကြလေသည်။

စားသောက်ပြီးသောအခါ ချမ်းမြေ့သူတို့ ရောဂါစလာပါပြီ အခုပဲကြည့်လေ ပန်းကန်တွေကို သိမ်းခိုင်းပြီး စားပွဲပေါ်မှာပုဝါ အကြီးကြီးတစ်ခုကို ချခင်းပြီး သူ့တားရော့ကဒ်အထုပ်ကြီးကို တင်ပါပြီ။ ပြီးတော့ သူတို့အားလုံးကို တစ်ယောက်ချင်း အတင်းဟောပါလိမ့်မည်ကြည့်နေ။ ရှင်းသန့်မကတော့ ဗေဒင်တွေ လက္ခဏာတွေ အရမ်းယုံသူမို့ အတင်းဟောစရာမလို သူ့အလိုလိုကို မေးနေပါပြီ။

"ဟဲ့ မိုးည နင်မေးဦးမလား ငါဟောပေးမယ်"ဆိုပြီး ရှင်းသန့်ဖြူကိုဟောပေးပြီး မိချမ်းမြေ့တစ်ယောက် ကိုယ့်ဘက်လှည့်လာပါပြီ။

"မမေးတော့ပါဘူးဟာ နင့်ဟာက မှန်လည်းမမှန်ဘူး နေ့တိုင်းမေးနေတာ " ဆိုပြီး ပြန်ပြောမိလျှင်

"ဟဲ့ အခုမှန်လာပြီဟဲ့ တားရော့ကို မစော်ကားနဲ့ အကိုင်ခံရမယ်"

"နင့်ဟာကလည်း နတ်ကိုင်တာပဲ ကြားဖူးပါတယ်ဟာ တားရော့က ဘယ်လိုကိုင်တာလဲ သူကလက်မှမပါတာ" ဆ်ိုပြီး သူပြန်ပြောလျှင်တစ်ဝိုင်းလုံး တဟားဟားဖြင့်ထရယ်ကြလေသည်။

You've reached the end of published parts.

⏰ Last updated: Oct 11, 2022 ⏰

Add this story to your Library to get notified about new parts!

Min Kha Sar Mae Nya - မင်းခစားမယ့်ညWhere stories live. Discover now