Part-1

262 15 0
                                    

မင်းခစားမယ့်ည
Part-1

        "ဒီတစ်ပွဲရှုံးရင် မင်းငါတို့ခိုင်းတာလုပ်ရမှာနော် ခစား"

       "အေးပါမင်းတို့သာမရှံုးအောင်သာ ကြိုးစား"ဟုဂိမ်းကိုသဲကြီးမဲကြီးကစားနေရင်းသူပြန်ပြောမိသည်။

       ကျောင်းဖွင့်တာတစ်ပတ်ကျော်ပဲရှိသေးသည်မို့ ပထမနှစ်အတန်းငယ်များကလွဲလျှင် အတန်းကြီးကျောင်းသားကျောင်းသူများက ကျောင်းသို့မလာကြသေးပါ။ အတန်းထဲတွင်ကျောင်းသားများလည်း မစုံသေးသောကြောင့်သူတို့အုပ်စုလိုက် ကန်တင်းတွင် ဂိမ်းကစားနေကြခြင်းပင်ဖြစ်သည်။တစ်ယောက်ခြင်းစိန်ခေါ်လျှင် သူ့ကိုမနိုင်သောကြောင့် လင်းထက်နှင့်ဟိန်းညီ နှစ်ယောက်ပေါင်း ကစားနေကြခြင်းပင်ဖြစ်သည်။ဂိမ်းဆိုသည်မှာလည်း ဒီအတိုင်းကစားလျှင်သာပျင်းဖို့ကောင်းတာ ရှုံးတဲ့သူက နိုင်တဲ့သူခိုင်းတာလုပ်ကြေးဆိုတော့လည်းပွဲက အကြိတ်အနယ် အားပါလှသည်။

        ခဏကြာတော့ သူ လင်းထက်နှင့်ဟိန်းညီကို အရှုံးပေးလိုက်ရလေသည်။ နှစ်ကောင်သား စပ်ဖြီးဖြီးမျက်နှာဖြင့်

      "မြင်လား မင်းရှုံးသွားပြီ ခစား ဘယ်လိုလဲ"ဆိုသည်ပုံစံဖြင့် စပ်ဖြီးဖြီးလုပ်နေသော ထိုနှစ်ကောင်က်ိုသူကြည့်မရချင်ပါ သို့ပေမဲ့အရှုံးဆိုတော့လည်း လက်ခံရတော့မှာပေါ့။

      "ဟုတ်ပါပြီ ငါရှုံးသွားတာ ငါ၀န်ခံပါတယ် ငါဘာလုပ်ရမလဲသာပြော"

     "ငါတို့မင်းကို ဘာခိုင်းရမလဲ စဉ်းစားလိုက်ပါဦးမယ်"ဆိုပြီး လင်းညီက မေးစိကို လက်နဲ့ပွတ်ရင်းစျေးကိုင်နေပြန်သည်။

      ပြီးမှစဉ်းစားလို့ရသွားဟန်ဖြင့်

     "ငါစဉ်းစားလို့ရပြီ မင်းဒီကန်တင်းထဲကို ပထမဆုံးဝင်လာတဲ့သူကိုရအောင်လိုက်ပြီးမင်းရည်းစားဖြစ်အောင်လုပ်ရမယ် ရည်းစားဖြစ်ယုံနဲ့မရဘူး မင်းသူနဲ့သုံးလတိတိ တွဲရမယ်"

     "ဟာမင်းတို့ဟာကြီးက မကောင်းပါဘူးကွာ မလွန်ဘူးလား" ဆိုပြီးသူငြင်းဆန်လျှင် ဟိန်းညီက

     "မင်းငါ့တုန်းက မိန်းမလိုဝတ်ပြီး အတန်းရှေ့မှာ sexyဆွဲခိုင်းတာလေ မှတ်မိလား လင်းထက်ကိုလည်း ဘုရားမှာ သူတောင်းစားလိုဝတ်ပြီးတောင်းခိုင်းတာပဲလေ မင်းနိုင်တုန်းက ငါတို့မင်းခိုင်းတာလုပ်ရတယ် ငါတို့ခိုင်းတာကြမင်းက မလုပ်ချင်ဘူးဆိုလဲ ထားလိုက်ရတယ် စိတ်ဓာတ်ပဲ" ဆိုပြီးပြောတော့ သူမနေနိုင်တော့ပဲ

Min Kha Sar Mae Nya - မင်းခစားမယ့်ညWhere stories live. Discover now