"ကောင်းပြီ ငါလုပ်မယ်ကဲ ရပြီလား"ဆိုပြီးပြောမှ ဒီလိုမှပေါ့ မင်းခစားရာ မင်းက second years kingပဲ မင်းအတွက်ရည်းစားရဖို့က မခက်ခဲပါဘူး ဟုတ်တယ်မလားဟိန်းညီ" ဆိုပြီး လင်းထက်ပြောလျှင် ဟိန်းညီက "ဒါပေါ့ ဒါပေါ့" ဆိုပြီး စပ်ဖြီးဖြီးဖြင့်ထောက်ခံလေသည်။

      ထိုငနွားနှစ်ကောင်ကိုကြည့်ရင်း သူတို့တော့မသိဘူးသူတော့ တွေးရင်းဖြင့် ခေါင်းတွေပင်ကြိမ်းလာလေသည်။

       ဆယ်မိနစ်လောက်ကြာတော့ နေ့လည် ၁၁ထိုးသွားပြီမို့ တစ်ချို့စာသင်ခန်းတွေဆီမှ ထမင်းစားဖို့ ထွက်လာကြသည့် ကျောင်းသားကျောင်းသူအချို့ကို တွေ့လိုက်ရလေသည်။ ထို့အတူ ဘယ်ကျောင်းသူကများ သူတို့ကန်တင်းထဲကို အရင်ဆုံးဝင်လာမလဲဆိုတာ သူရော ဟိုနှစ်ကောင်ပါ မျက်တောင်မခတ်ပဲ စောင့်ကြည့်နေမိကြသည်။

       ဟော သူတို့ကန်တင်းဆီကို စကားပြေရင်း လမ်းလျှောက်လာနေသည့် ကျောင်းသူသုံးယောက်ကို တွေ့လိုက်ရသည်။ အဲ့သည်ထဲကမှ ခြေတစ်လှမ်းသာနေတာက အလယ်က ဆံပင်ရှည်ရှည် အသားအရည် ဝင်းဖန့်ဖန့်နဲ့ ငွေနှင်းစက်ဆိုသော ကောင်မလေး။ ဒီကောင်မလေးကို သူသိပါသည်။ သူတင်မက လင်းထက်တို့ ဟိန်းညီတို့ပါ အသေအချာသိကြမည်ဟု သူရဲရဲကြီးပြောရဲသည်။ ပြောရမယ်ဆိုရင် ဒီနှစ်ကျောင်းစဖွင့်ကတည်းက first yearsတွေရော တစ်ကျောင်းလုံးက ယောက်ျားလေးတွေ ကြားထဲမှာပါ ငွေနှင်းစက် ငွေနှင်းစက်ဆိုပြီး ကြားနေရတာ မဟုတ်ပါလား။ ဒီကောင်မလေးသာဆိုရင်တော့ မဆိုးဘူးဟု သူစိတ်ထဲမှပင်တွေးမိလေသည်။ ပြောရမည်ဆိုလျှင် အတော်လှသော ကောင်မလေး မဟုတ်ပါလား။

      လင်းထက်က မင်းဘယ်လိုလဲဆိုသည့်ပုံစံဖြင့် သူ့ကို တံတောင်ဖြင့်တွတ်ရင်း ငွေနှင်းစက်ကို မေးငေါ့ပြလေသည်။ ဒီအတိုင်းဆိုလျှင်ဖြင့် သူရအောင်လိုက်ရမည့် ကောင်မလေးက ငွေနှင်းစက် ဖြစ်ဖို့ အတော်ပင်ရာခိုင်နှုန်း များနေလေသည်။

      သူမတို့ အုပ်စု ကန်တင်းထဲကို ဘယ်သူအရင်ခြေလှမ်းချမလဲဆိုပြီး သူတို့သုံးယောက် မျက်တောင်ပင်မခပ်နိုင်ပဲကြည့်နေစဉ်

Min Kha Sar Mae Nya - မင်းခစားမယ့်ညWhere stories live. Discover now