ရောင်စုံဖြာထွက်နေသည့်အလုံးလေးရယ်၊မိုးမခသစ်ပင်ကြီးရယ်၊​ငွေဖြူရောင်လမင်းကြီးနှင့်အနက်ရောင်တွင်းနက်ကြီးကယွဲ့ယွဲ့၏ဘေးပတ်လည်၌ဝေ့ဝဲလျက်ရှိနေသည်။

ဘေးပတ်ဝန်းကျင်မှာရှိတဲ့ဝိဥာဥ်စွမ်းအားတွေမှာအရှိန်အဟုတ်ပြင်းထန်စွာဖြင့်သမုဒ္ဒရာတစ်စင်းလိုယွဲ့ယွဲ့၏ခန္ဓာကိုယ်ထဲတိုးဝင်လာသည်။သူတော်စင်အဆင့်သိုင်းဝိဥာဥ်တွေကအလှပြသက်သက်မဟုတ်ပေ။

အကယ်၌သင့်မှာသူတော်စင်အဆင့်သိုင်းဝိဥာဥ်တစ်ခုသာပိုင်ဆိုင်ခဲ့ရင်တောင်ကြီးမားသည့်ပါရမီနှင့်အတူဝိဥာဥ်စွမ်းအင်တွေကိုလျှင်မြန်စွာစုပ်ယူနိုင်ပေလိမ့်မည်။အခုယွဲ့ယွဲ့၏သိုင်းဝိဥာဥ်သုံးခုလုံးမှာသူတော်စင်အဆင့်သိုင်းဝိဥာဥ်တွေကြားထဲမှာတောင်ထိပ်တန်းအဖြစ်သတ်မှတ်နိုင်သည့်အပြင်တွင်းနက်ကြီးကဲ့သို့အမည်မသိသိုင်းဝိဥာဥ်၏သဘာဝစွမ်းအင်တွေကိုစုပ်ယူနိုင်စွမ်းမှာလည်းကျန်သိုင်းဝိဥာဥ်သုံးခုထက်တောင်သာလွန်သေးသည်။

မသိရင်ထိုတွင်းနက်ကြီးမှာမည်သည့်အရာကိုမဆိုအလွယ်တကူဝါးမျိုးစုပ်ယူနိုင်သလိုမျိုးထင်ရသည်။

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၁

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၂

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၃

ချီစတင်စုဆောင်းခြင်းအဆင့်

ယွဲ့ယွဲ့၏ကျင့်ကြံဆင့်မှာမထင်မှတ်ထားသည့်အမြန်နှုန်းဖြင့်တစ်ရိပ်ရိပ်တိုးတတ်လျက်ရှိနေသည်။အကယ်၍တစ်ခြားသူတစ်ယောက်ယောက်သာထိုမြင်ကွင်းကိုတွေ့မြင်ခဲ့ရင်လန့်ဖြန့်ပြီးထိုနေရာမှာတင်ငေါက်ကနဲလဲသေသွားမည်ကိုစိုးရိမ်ရသည်။

ယွဲ့မိသားစုမှာရှိတဲ့လူငယ်ပါရမီရှင်လေးတွေတောင်မှယွဲ့ယွဲ့၏အသက်အရွယ်တွင်ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၂ဒါမှမဟုတ်အဆင့်၃လောက်သာရှိသေးသည်။တကယ့်ထိပ်တန်းအဆင့်ပါရမီရှင်မှသာချီစတင်စုဆောင်းခြင်းအဆင့်ကိုဝင်ရုံဝင်နိုင်ကြသည်။

ကျင့်ကြံဆင့်တွေကိုခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်၃ဆင့်ဖြင့်စတင်သည်။စတင်ကျင့်ကြံတဲ့လူငယ်တွေ၊ဒါမှမဟုတ်ကလေးငယ်တွေအနေနဲ့ထိုအဆင့်သုံးဆင့်ကိုမဖြစ်မနေဖြတ်ကျော်ဖို့ရန်လိုသည်။၎င်းကလူတစ်ယောက်အတွက်ကျင့်ကြံဖို့ရန်အခြေခံအုတ်မြစ်ဖြစ်သည်။

"ကြောက်စရာနတ်ဆိုးကြီးရဲ့ဝိဥာဥ်ခွဲတွေကငါ့ကိုအတင်းလိုက်ကပ်နေကြတယ်"Where stories live. Discover now