(6)

861 137 12
                                    

Unicode

"ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ"

"....."

ယဲ့ချီယောင်ကပြန်မဖြေပေ။ ယွဲ့ယွဲ့၏ ခန္ဓာကိုယ်ကို ပျင်းရိစွာဖြင့် ခြေစွန်းခေါင်းစွန်းအကဲခတ်လိုက်ရင်း အေးစက်သည့်အသံနေအသံထားဖြင့်မေးလိုက်သည်။

"မင်းရဲ့ နားရွက်နဲ့အမြှီးတွေကိုဖျောက်နိုင်လား"

"ကျွန်တော်မသိဘူး....ကြိုးစားကြည့်လိုက်မယ်လေ"

ယွဲ့ယွဲ့က အသက်ပြင်းပြင်းရှုလိုက်ရင်း သူ့ခေါင်းပေါ်ရှိ နှင်းဖြူရောင်မြေခွေးနားရွက်နှင့် သူ့နောက်ကျောဘက်ရှိ အမွှေးဖွာဖွာ အမြှီးဆယ်ချောင်းကို သူ့ခန္ဓာကိုယ်ထဲသွင်းတာမျိုး၊ဒါမှမဟုတ် ဖျောက်ဖျက်လိုက်တာမျိုး ပြုလုပ်ရန်ကြိုးစားလိုက်သည်။ သူ့စိတ်ထဲအမျိုးမျိုးတွေးရင်း အားထုတ်ကြိုးစားပေမယ့် နားရွက်နှင့်အမြှီးမှာ အနည်းငယ်လှုပ်တိလှုပ်ပဲ့ဖြစ်သွားရုံကလွဲပြီးဘာမှထူးခြားမလာပေ။

ယွဲ့ယွဲ့ : "....."

ယွဲ့ယွဲ့၏ မျက်နှာလေးမှာတစ်ဖန် ငိုမဲ့မဲ့ဖြစ်လာသည်။ ယဲ့ချီယောင်က အမူအရာမဲ့စွာ သက်ပြင်းချလိုက်ရင်း သူ့လက်ဖျားထိပ်ကနေ ထူးဆန်းသည့်ဝိဥာဥ်စွမ်းအင် တစ်မျှင် ထွက်ပေါ်လာပြီး ယွဲ့ယွဲ့ ကိုယ်ထဲတိုးဝင်သွားသည်။ ထိုအခိုက်တန့်လေးမှာပဲ ယွဲ့ယွဲ့၏ မျက်နှာနှင့်ခန္ဓာကိုယ်အချိုးအစားမှာမှော်ဆန်ဆန်ပြောင်းလဲသွားပြီး အရပ်လည်းပိုပုသွား၏။

ထိုအရာကိုခံစားမိသည့် ယွဲ့ယွဲ့ဟာ ရေကန်စပ်နားအပြေးသွား၍ သူ့မျက်နှာလေးကို တစ်ဖန်စူးစမ်းကြည့်လိုက်သည်။ ဒါ အမြှီးဆယ်ချောင်းမြေခွေး သိုင်းဝိဥာဥ်မနိုးထစဥ်က သူ့ရဲ့မျက်နှာပဲ။ ဒီမျက်နှာလေးမှာ လွန်စွာချစ်စဖွယ်ကောင်းပြီး လှပသော်လည်းပဲ ခုနက မြေခွေးသဏ္ဍာန်မျက်နှာနဲ့ယှဥ်ရင် အများကြီးကွာခြားသွားသည်။

ယွဲ့ယွဲ့ ဟာအနည်းငယ် ထူးဆန်းသည့်မျက်လုံးတွေဖြင့် ယဲ့ချီယောင်ကိုလှည့်ကြည့်လိုက်မိသည်။ သူကိုယ်တိုင် မျက်နှာကိုပြောင်းလဲပေးနိုင်ရဲ့သားနဲ့ ဘောက်မဲ့ကြောင့် ပြဿနာကြီးတစ်ရပ်လို မေးမြန်းနေရသေးတာလဲ။

"ကြောက်စရာနတ်ဆိုးကြီးရဲ့ဝိဥာဥ်ခွဲတွေကငါ့ကိုအတင်းလိုက်ကပ်နေကြတယ်"Όπου ζουν οι ιστορίες. Ανακάλυψε τώρα