Happy Thadinkyut+ extra

Start from the beginning
                                    

'သားလေး..ဒီဒီ'

သားငယ်ဆီအပြေးသွားတော့ မှိန်းနေတဲ့သားကမျက်လုံးဖွင့်ကြည့်လာပြီး မျက်ရည်တွေကျလာတာတဖျောဖျော..

'ဟင့်...ပါး..ပါပါး...အီးးးး...ဒီဒီနေကောင်းဘူး...အီးးး'

'ပါးရောက်ပြီ...ဒီဒီလေးရဲ့​နေမကောင်းတာက်ိုပျောက်အောင်ကုပေးမယ့်ပါပါးရောက်ပြီ..မငိုရဘူးနော်..တိတ်တိတ်'

'ထွေးလေး..သမီးအခန်းပြန်လို့ရပြီနော်'

သားငယ်ကိုပွေ့ဖက်ပြီးချော့မြူနေစဥ် သားငယ်တို့အတန်းပိုင်က ကလေးမလေးကိုအခန်းပြန်ခိုင်းတော့..

'ထွေးထွေး...ခဏနေအူံး..မပြန်နဲ့အုံး...ငါတို့ပါပါးနဲ့မိတ်ဆက်ပေးမို့'

သားကြီးက ထွေးထွေးဆိုတဲ့ကလေးမလေးရဲ့လက်ကိုဆွဲထားပြီး

'ပါး..ဒါလေ..သားတို့သူငယ်ချင်းအသစ်ထွေးထွေးဆိုတာ သားကအပြင်သွားနေတုန်း အတန်းထဲမှာဖိုးဒီကမူးလဲတော့မလိုဖြစ်သွားတာ ထွေးထွေးရှိလို့ ထွေးထွေးက ဖိုးဒီကိုအမူးပြေအောင်လုပ်ပေးနေတာ '

'ဟုတ်တယ် အစ်ကို...ထွေးကပဲကျွန်မကိုဖိုးဒီမူးလဲလို့ဆိုပြီးအပြေးလာခေါ်ပေးတာ..ကာယချိန်ဆိုတော့ကလေးတွေကအားကစားလုပ်နေကြလို့ အတန်းထဲမရှိကြဘူး..ထွေးလေးရှိလို့တော်သေးတာ'

'ကျေးဇူးတင်လိုက်တာသမီးရယ်..ဒီဒီ..ထွေးထွေးကိုကျေးဇူးတင်ကြောင်းပြောပြီးပြီလား'

'ဟုတ်..အဟွတ်..အဟွတ်....ပြောပြီးပါပြီ ဦးဦး..တီချယ် သမီးကိုခွင့်ပြုပါဦးရှင့်...ဖိုးဒီ...ငါသွားပြီနော်...အဟွတ်..'

'အင်း..ညကျရင်ငါလာခေါ်မယ်နော် ထွေးထွေး'

ဖိုးဒီပြောတာကိုကောင်မလေးကပြုံးရုံပဲပြုံးပြပြီး အခန်းထဲကထွက်သွားတော့သည်။ကောင်မလေးကြည့်ရတာနွမ်းနွမ်းဖတ်ဖတ် ဖြူဖျော့ဖျော့
လေးနဲ့အားမရလိုက်တာ။ဆရာမကိုမေးပြီး သူတတ်နိုင်တာလေးကူညီပေးဖို့တွေးထားသည်။

'ပါး'

'ဗျ'

'ညကျရင် ဒီဒီတို့အိမ်မှာလုပ်မယ့်ပါတီကို ထွေးထွေးကိုခေါ်ချင်တယ်နော်..ပါးး'

မင်းရှိမှ (Complete) Where stories live. Discover now