မုန့်ဆိုင်ရောက်တော့..... မုန့်တွေကိုဦးဆောင်ကာ ဝယ်ထည့်နေသူက ဆည်းဆာ။

အပြန်လမ်းကားပေါ်တွင်....

'' ဖော့... ''

'' အင်း ''

'' ဒယ်ဒီတို့အိမ်မှာ နေခဲ့လို့ရလား ''

'' အင်းအင်း သဘော ''

ရှန်မင်းတို့အိမ်ရှေ့မှာ ဆည်းဆာကို ချပေးခဲ့ပြီး ဒီဘက်ကသူ့ခြံထဲကို ပြန်ဝင်လာခဲ့သည်။

်ခွန်း အပြင်က ကားဝင်လာသံကြားတော့....

'' သုတ အပြင်မှာ တစ်ချက် သွားဝိုင်းသယ်လိုက်ပါဦး ''

ခွန်းပြောတော့ တပည့်နှစ်ယောက်သုံးယောက်လောက်က အပြင်သို့်ထွက်ကာ တိမ်တိုက်ဝယ်လာသည်များကို ကူသယ်ပြီး ပြန်ဝင်လာသည်။

တိမ်တိုက်တစ်ယောက် တည်းဝင်လာတာမို့....

'' သားရော....''

'' ဟိုဘက်အိမ်မှာ.....''

ခွန်း ခေါင်းတငြိမ့်ငြိမ့်နှင့် နားလည်သွားသည်။  သည်ဘက်မှာလူများနေတာမို့ ဆည်းဆာ မနေတတ်တော့တာပင်။

သည်လိုနှင့် စကားတွေပြောကြပြီး......ကန်တော့ကြလေသည်။ ခွန်းက ဆုံးမစကားတွေ ပြောကြားပြီးတော့ ဆုလည်းပေးပြီးရော....ထုံးစံအတိုင်း ဘေးမှာ ထိုင်မိနေပြီးသားဖြစ်သည့်တိမ်တိုက်ကို ကြည့်လာကြတော့...

'' မင်းတို့ဆရာ ပေးတဲ့ ဆု အတိုင်းပါပဲ ကွာ ''

အကုန်လုံးက ပြုံးစိစိ နှင့် ။

ကန်တော့ပြီးတော့ တိမ်တိုက်က ခွန်းပိုက်ဆံအိတ်ကြီး သွားယူချလာပြီး ကလေးတွေကို မုန့်ဖို့ပေးလိုက်သည်။

အကုန်လုံးပြီးစီးတော့ ကလေးတွေ တဝက်လောက်က ဟိုဘက်အိမ်က သူတို့ဆရာ ရှန်မင်းခက်ဆီ ပြောင်းသွားကြသည်။

ဆည်းဆာကတော့ သူ့အိမ်က အုပ်စုကြီး ဒီဘက်ရွှေ့လာသဖြင့် သူလည်း သူ့အိမ်သူပြန်လာခဲ့တော့သည်။

အိမ်ပြန်ရောက်တော့ ဘယ်သူမှ မရှိတော့ ဧည့်ခန်း စားပွဲပေါ်တွင် ပြည့်လျှံနေသော မုန့်တွေ အအေးတွေ သစ်သီးတွေ ဆေးခြင်းတွေ အစုံကိုကြည့်ပြီး... မျက်လုံးလေးက အရောင်တောက်လာသည်။ city mart ကြီး သူ့အိမ်ရွှေ့လာသလားတောင် မှတ်ယူရသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now