'' မင်္ဂလာပါ ဆရာ ''

ခွန်း အသံကြားလို့ လှည့်ကြည့်လိုက်တော့.... မြင်ဖူးသလို ရှိနေသော မျက်နှာတွေ.....ဦးနှောက်ကို အနည်းငယ်အလုပ်ပေးလိုက်တဲ့အချိန်မှာ....

K'Cloudy ဟူ၍ နာမည်တောင် မရှိသေးခင်က သူ့ကျူရှင်တွင် တက်သွားခဲ့သော ကလေးတွေ။

'' ဪ အေး သားတို့ ထိုင်လေ ''

တိမ်တိုက်လည်း ပြန်ဝင်လာပြီး ထိုင်မယ်အလုပ်...

တင်း....တောင်....

ထရပြန်ပါပြီ။... တံခါးသွားဖွင့်တော့ အထုတ်ကြီးငယ်တွေနှင့် ခွန်း၏ တပည့်ဟောင်းတွေ အုပ်စု။

အဲ့သည်လိုနှင့်....

တင်း....တောင်.....

တင်း....တောင်.....

တင်း....တောင်.....

ထလိုက်ထိုင်လိုက်ဖြင့် တံခါးခနခနသွားဖွင့်ပေးရသည်။ ခွန်း တပည့်တွေကလည်း သီတင်းကျွတ် မို့ဂါဝရပြုလာကြသည်က ယခုဆို အောက်ထပ် အပြည့်ဖြစ်နေပြီ။

ပကာသနတွေ ဆင်ယဥ်ထားခြင်းမရှိသည့် အဝါရောင်တိုက်၏ အောက်ထပ် ဧည့်ခန်းထဲမှာ လာကန်တော့သည့် သူများနှင့် ပြည့်နေတော့သည်။

လပြည့်နေ့အပြင်ထွက်လျှင် လူတွေ အများကြီးနှင့်မို့ သားအဖတွေ အိမ်ထဲမှာပဲ အနားယူကြမည်ဟု ဆုံးဖြတ်ပြီးသကာလ .... ခွန်း၏ ချစ်တပည့်လေးတွေနှင့် အိမ်လေးဟာ လူစည်နေတော့သည်။

ဆရာတပည့်တွေ စကားပြောကြခန်းတွင် တိမ်တိုက်တို့သားအဖတွေကတော့ ခွန်းဘေးတွင် ငြိမ်ငြိမ်လေးထိုင်နေလျက် ...

'' မောင်....ကလေးတွေစားဖို့ မုန့်ထွက်ဝယ်လိုက်ရမလား ''

တိမ်တိုက် တိုးတိုးလေးကပ်ပြောသာ်။
အိမ်မှာရှိသည့်မုန့်တွေက မလောက်ငှသည်မို့.... ထွက်ဝယ်မှဖြစ်လိမ့်မည်။

'' အဝေးကြီးမသွားနဲ့ ဒီနားကပဲ ဝယ် ''

တိမ်တိုက် ခွန်းဆီက ကားသော့တောင်းပြီး.... မုန့်ဝယ်ရန် ထွက်လာခဲ့သည်။ ဒီမှာ လူများနေ၍ ဆည်းဆာကပါ တိမ်တိုက်နှင့်လိုက်ချင်နေ၍ ခေါ်လာရသေးသည်။

NotWithStanding...(မည်သို့ပင်ဖြစ်စေ... ) (Completed)Where stories live. Discover now