💚1💚

1.1K 80 52
                                    

သားလေးတစ်ယောက်ရှိပါတယ် ဘာမှကို အားကိုးလို့မရဘူး သားအဖနှစ်ယောက်ရှိလို့ ချစ်ချစ်ခင်ခင်နေရမယ်မရှိ တစ်ယောက်တစ်အိမ်စီတဲ့လေ ဘယ်လိုတောင်ဆိုးတဲ့သားမျိုးလဲ

တစ်ယောက်တစ်အိမ်ဆီဆိုတာကတော့ ဒီလိုဗျာ ကျွန်တော်မှာ သားတစ်ယောက်ရှိတယ် နာမည်က ကင်မ်ထယ်ယောင်းတဲ့ မိတစ်ဆိုးလေးပေါ့ဗျာ သူ့အမေကျွန်တော့်မိန်းမက သားကိုမွေးပီးပီးချင်း ဆုံးသွားတာ အဲ့ထဲကကျွန်တော့်မှာ မိတစ်ဆိုးလေးဆိုပီး အလိုလိုက်ထားတာဒီကောင်က ကြီးလာတော့တကယ်ဆိုးလာတာ

နောက်တော့ကျွန်တော်လဲ သားလေးအတွက် မိခင်မေတ္တာပေးနိုင်အောင် သားလေးကိုဂရိုစုက် ပေးနိုင်အောင်ဆိုပီး သားလေးအသက် 18လောက်မှာ ကျွန်တော်အလုပ်ရှယ်ယာဝင်တစ်ယောက်ရဲ့သမီးနဲ့လက်ထပ်ခဲ့တယ် အဲ့တော့မှပိုဆိုးတော့တာပဲ သူဒီမိန်းမကိုအမေမခေါ်နိုင်ပါဘူးတဲ့ သူ့မှာအမေတစ်ယောက်ပဲရှိတာတဲ့ ပီးတော့သူဒီမှာမနေနိုင်ဘူးဆိုကာ အဲ့ထဲကအိမ်ခွဲနေတာ အခုချိန်ထိပါပဲဗျာ ရှာလိုက်တဲ့ပြသနာက‌လဲမပြောပါနဲ့

အခုလဲ ဝန်ကြီးချုပ်သားကိုထိုးပါတယ်ဆိုပီး ဟိုကသားဖနှစ်ယောက်လုံးလာတိုင်တယ် ဒါမယ့်ကျွန်တော်က ကမ္ဘာ့ Top3 အချမ်းသာဆုံးသူဆိုတော့ အခြားတော့မပြောပါဘူး ဒီတိုင်းပြောပြရုံပါဆိုပီးပြန်သွားလို့တော်သေး ဒါကြောင့်ဒီကောင်လေးကိုဆုံးမရန် အိမ်ကိုလာဖို့ခေါ်ထားသည်

"အဖေ ကျွန်တော့်ကိုခေါ်တယ်ဆို ဘာကိစ္စများလဲ"

"မင်းဒီမှာအရင်လာထိုင်ဦး"

"အိုကေလေ"

"‌မင်းဒီလိုပဲပြသနာရှာနေတော့မှာလား ဟမ်"

"အဟွန်း ထင်တာပဲ"

"ဟိတ်ကောင် ငါမင်းကိုရွဲ့ပြောနေတာကွ'"

"အင်းလေ သိတယ်လေ"

"မင်းငါ့ကိုမခန့်လေးစားလုပ်နေတာလား"

"မလုပ်ရပါဘူး"

"မင်းနော် မင်းငါမပြောချင်လို့ကြည့်‌နေတာကြာပီ"

"အ့ဆိုလည်းဆက်ကြည့်နေပေါ့ဗျာ''

"ကင်မ်ထယ်ယောင်း!! ငါမင်းအဖေနော် မင်းဘယ်ထိငါ့ကိုအရွဲ့တိုက်နေမှာလဲ"

You've reached the end of published parts.

⏰ Last updated: Oct 07, 2022 ⏰

Add this story to your Library to get notified about new parts!

MY BODYGUARD BUNNY Where stories live. Discover now