Part 26 Unicode

Mulai dari awal
                                        

ကျောင်းရောက်တော့ အပေါက်ဝမှာဆရာမကိုစောင့်ရတာ လည်ပင်းကိုရှည်လို့ ခဏကြာတော့ ဆရာမကားကိုလှမ်းတွေ့လိုက်တယ် ကားဝင်လာတာနဲ့ပြေးကြိုပြီးအိတ်သယ်ပေးလိုက်တယ် ဆရာမက ဇာအကျီအဖြူနဲ့ မော်ဒယ်စိမ်းရောင် ထမီကို ဝတ်ထားတယ် ကားပေါ်ကဆင်းလိုက်တဲ့အချိန် ဆရာမရဲ့ရေမွှေးနံက စူးရှပြီးစွဲသွားစေတယ်

" ဆရာမ ဒါဆရာမအတွက်ပါ "

" ဒီကလေး လာဖာနေတာလား အိတ်လည်းသယ်လို့ မပေးစဖူး ပန်းပေးလို့ပါလား "

" ဆရာမကလည်း အထူးအဆန်းမဟုတ်ဘူး နောက်လည်း သယ်ပေးမှာပေါ့ "

" အင်းပါ သမီး "

အခန်းထဲဝင်လာတော့ ဆရာမခေါင်းမှာနှင်းဆီပန်းပွင့်လေးကနေရာယူထားတယ် ဆရာမလမ်းလျှောက်လိုက်တိုင်း လိုက်ကြည့်မိနေတယ်

ဟိုကလေး စာမကြည့်ပဲ ငါ့ပဲလိုက်ကြည့်နေတယ်တွေ့မယ်

" ကြည်ပြာမောင် ထ ခုနကဆရာမ ရှင်းသွားတဲ့အပုဒ်ပြန်ရှင်းပြ "

သေပြီ ငါတော့ မသိလိုက်ဘူးပဲ
" ဆရာမ ဟို ဒီ ဟာ ကလေ သမီးမသိလိုက်လို့ "

" တွေ့လား စာကျလိုက်မကြည့်ဘူး သွား အခန်းပြင်မှာရပ်နေ တစ်ခန်းလုံးပြောထားမယ် အချိန်‌မရွေးကြိုက်တဲ့သူမေးမှာ သေချာလိုက်ကြည့် "

ဆရာမကလည်း ငါကိုအပြင်ထုတ်ရက်တယ် ဟွန့်
အခန်းပြင်ရပ်နေရင်း အခန်းထဲလှမ်းချောင်းနေရတယ် အချိန်လည်းကုန်ရော နောက်တစ်ချိန်ဝင်မယ့်ဆရာမက လာပြီ

" သမီး ဘယ်လိုဖြစ်လို့အပြင်မှာရပ်နေရတာလဲ "

အချိန်ကုန်လို့ထွက်လာတဲ့ ဆရာမကပဲဖြေလိုက်တယ်

" အပြစ်ပေးထားတာဆရာမမိုး သူက ဖြူ့စာသင်ချိန်မှာ စာကိုစိတ်မဝင်စားလို့ပါ "

ခပ်တည်တည်ပဲပြန်ဖြေတဲ့ ဖြူက အေးတိအေးစက်နဲ့ မိုး ဘာပြန်ပြောရမှန်းမသိခင် သူကထွက်သွားတယ် အပြစ်ပေးခံရတဲ့ကလေးကိုပြန်ခေါ်ပြီး စာဆက်သင်လိုက်တယ် အဲကောင်မလေးကိုလည်း စာလုပ်အောင်သူအမေနဲ့တိုင်မယ်ပြောလိုက်ရတယ်

စည်းကျော်ခဲ့သောချစ်ခြင်းTempat cerita menjadi hidup. Temukan sekarang