ကြည်ပြာမောင်တို့အုပ်စု ဆရာမဆီကအပြန် စားသောက်ဆိုင်တစ်ခုမှာထိုင်ရင်း ကြည်ပြာမောင် သူငယ်ချင်းက စလိုက်တယ်

"  ကြည်ပြာမောင် နင်ခုနက နင်ကိုယ်နင် မောင်ဆိုလား"

" နင်ကလည်း ငါနမည်ငါခေါ်တာလေ ငါနမည်မှာမောင်ပါတယ်လေ "

" သိနေတယ်နော် နင်ဘာသဘောလဲဆိုတာ "

" နင်တို့ကလည်း ဒါနဲ့ ဆရာမက သူကိုယ်သူဖြူတဲ့ ချစ်စရာလေး "

" နင်တော့လေ တော်တော်ဖြစ်နေ "

" ဒါနဲ့ဘေးနားက ဆရာမဆိုတဲ့တစ်ယောက်က တော်တော်ရင်းနှီးပုံပဲနော် ငါတို့ဆရာမက သူလက်ကိုကိုင်ထားတာ‌တွေ့တယ် "

" သူအမများလားမသိဘူး "

ကြည်ပြာမောင်တို့ ဝိုင်းနဲ့ ကျောချင်းကပ်ထိုင်နေတဲ့ ဝိုင်းက မိုး အကုန်ကြားနေရတယ် မိုးထင်တာ သူတို့ပြောနေတာ မိုးတဲ့တစ်ချိန်တုံးက ချစ်ရတဲ့ကလေးပေါ့

" ကြည်ပြာမောင် ပြီးရင် အိမ်တန်းပြန်နော် "

" ဘယ်တုံးက ရှိနေတာ "

" နင်တို့တွေ ဆရာမမြတ်နိုးဖြူအကြောင်းစပြောတည်းကပေါ့ "

" ဟာ ဆရာမကို ပြန်မပြောပါနဲ့နော် နော်လို့ "

" အေး မပြောစေချင်ရင် အခုအိမ်ပြန် အမေစောင့်နေမှာပေါ့ "

" ဟုတ်ကဲ့ပါ "
လာ သူငယ်ချင်းတို့ နောက်ဆိုင်သွားရအောင်

" ဘာပြောတယ် "

" မှားလို့ အိမ်ပြန်မယ်ပြောတာ စိတ်ကြီးပဲနော် "

" အေးသွားသွား " သူကမှ ကလေးကို သဘောကျရတယ်လို့ ဟူး..... သူစိတ်ကစားတာပဲဖြစ်ပါစေ

အမ ဟိုဝိုင်းက မရှင်းသွားဘူး
" အော် ငါပြန်တာတောင် သူတို့တွက် ရှင်းပေးရအုံးမယ် ဒီဟာမလေးကတော့ "

" ညမ ဘယ်လောက်လဲ "

" ၈၀၀၀ ပါ "

" ရော့ "

######

ဒီနေ့ ဆရာမလေးကို နှင်းဆီပန်းသွားပေးရမယ်
" မေမေ ခြံထဲကနှင်းဆီတစ်ပွင့်လောက်ခူးမယ်နော် "
" အေးသမီး ဘာလုပ်မလဲ "
" ဆရာမကို ပေးမလို့ ‌"
" အမယ် မိုးကြိုးထပစ်နေအုံးမယ်
" မေမေကလည်း သွားပြီနော် ကျောင်းနောက်ကျနေပြီ "

စည်းကျော်ခဲ့သောချစ်ခြင်းWhere stories live. Discover now