Ep-14

1.9K 79 2
                                    

နှောင်ကြိုးဖွဲ့ ဧည့်သည်

          %~%~Ep-14~%~%

ဒီနေ့နဲ့ဆို ရိပေါ် နိုင်ငံခြားကို ထွက်လာတာ 15ရက်ရှိပြီ။

ကျန့်ကို စောင့်ကြည့်ခိုင်းထားတဲ့သူတွေဆီက ပုံမှန်ပဲဆိုတဲ့သတင်းကြားရတော့ ရိပေါ်စိတ်အေးရသည်။

ခုဆို ကျန့်လဲ ကွာရှင်းဖို့ကိစ္စ မေ့မေ့ပျောက်ပျောက်ဖြစ်ရောပေါ့။

သမီးလေးနဲ့ မတွေ့ရတာလဲ အတော်ကြာပြီ။ ကျန့်ကိုရော သမီးလေးကိုရော ရိပေါ်လွမ်းလို့ မနက်လေယာဉ်နဲ့ပြန်ရန် စိတ်ကူးထားသည်။

ထိုစဉ် တုန်ခါ၍ ဝင်လာသော ဖုန်းတစ်ခု

"Hello ပါး"

"??????"

"ဟုတ်....ပါး။စိတ်ချပါ ကျွန်တော်အဆင်ပြေအောင် လုပ်ပေးပါ့မယ်။"

"??????"

"ရပါတယ် ပါးရဲ့။ ခဏလောက်ထပ်နေရလို့ ဘာမှမဖြစ်ပါဘူး။"

"????"

"ဟုတ်..ပါး။ ဒါပဲနော်"

"ဟူး::::::::::~"

ရိပေါ် သက်ပြင်းကို ခပ်ရှည်ရှည်လေး ချလိုက်မိသည်။

မနက်ပြန်မယ် စိတ်ကူးထားပေမဲ့ ပါးရဲ့ကုမ္ပဏီက ငွေကြေးအလွဲသုံးစား လုပ်မှုတစ်ခုဖြစ်လို့

နိုင်ငံခြားရောက်နေတဲ့ရိပေါ်ကို ပါးကအကူအညီလှမ်းတောင်းခြင်းဖြစ်သည်။

ငွေကြေးအလွဲသုံးစားမှုဆိုတော့ တရားရင်ဆိုင်ရမှာနဲ့ ဘာနဲ့ အနည်းဆုံး နှစ်လခွဲလောက်ကြာမည်။

တကယ်ပါ အဲ့ ဝန်ထမ်းတွေဟာလေ ကျန့်ကို လွမ်းရအောင် သိပ်လုပ်တာပဲ။

................

ရှောင်းကျန့် တီလေး ပြောပြ၍ ရိပေါ် အလုပ်ကိစ္စနဲ့နိုင်ငံခြားကို ခဏသွားရကြောင်း သိရသည်။

ခဏဆိုပေမဲ့ လုပ်ငန်းမှာပြသနာတက်လို့ တစ်လကြာတဲ့ထိ ပြန်မလာရသေး။

ထိုတစ်လအတွင်းမှာ သမီးလေးက လေးခါ ငါးခါလောက် မှိုင်နေတတ်သည်။

လျိုမားကို မေးကြည့်တော့ သမီးလေးနဲ့ ရိပေါ်နဲ့အဆက်အသွယ်မရကြောင်းသိရသည်။

နှောင်ကြိုးဖွဲ့ ဧည့်သည် (Completed)Where stories live. Discover now