Ep-3

2K 113 2
                                    

နှောင်ကြိုးဖွဲ့ ဧည့်သည်

      %~%~ Ep-3 ~%~%

ဒီနေ့ဆို ကျွန်တော်နဲ့ရိပေါ် မင်္ဂလာဆောင်ပြီးတာ သုံးရက်မြောက်နေ့။

အိမ်စပြောင်းတဲ့နေ့ကတည်းက ပြန်မလာတာ။

ပြောရရင် သုံးရက်လုံးလုံးပေါ့။

ငါ့ရင်နဲ့ ရင်းပြီး ရွေးချယ်ထားတဲ့

ဆူးခင်းလမ်းကို ငါကိုယ်တိုင်ပဲ ဆက်လျှောက်မှာမို့

မင်းသာ လွတ်လပ်စွာနေပါ ရိပေါ်။

"တီ!!!!!!!!!!!!"

ဆိုင်ကယ် ဟွန်းသံကို ရှည်ရှည်ဆွဲလို့ ပတ်ဝန်းကျင်ကို ဂရုမစိုက်စွာ

ပြုမူနေသည်က ကျန့်သိပ်ရတဲ့ ရိပေါ်။

"လာပြီ။ ရိပေါ်....မင်းဟာက ဘယ်"

မူးကွဲလာသော ရိပေါ်ကိုကြည့်၍ ကျန့်တစ်ယောက် ပြောစရာစကားများ ပျောက်ရှကုန်သည်။

မျက်လုံးမဖွင့်နိုင်အောင် မူးလာသောရိပေါ်က ညကြီးမိုးချုပ်

ဆိုင်ကယ်နဲ့ ပြန်ချလာသည်။

မြင်လိုက်တာနှင့် စိုးရိမ်မှုတို့က ဒိန်းခနဲ။

ဘုရား၊သကြား မလို့ ဘာမှမဖြစ်ဘဲ အိမ်ရှေ့ပြန်ရောက်လာတာ။

ရိပေါ်ရယ် မင်းကြောင့်နဲ့ ငါရူးတော့မှာပဲ။

"ဟ....ဘာလုပ်နေတာလဲ။ ငါမူးလာတယ်ဆိုပြီး အခွင့်ကောင်းယူဖို့ လူယုတ်မာ အကြံတွေ ထုတ်နေတာလား"

ရှောင်းကျန့် ခေါင်းသာ ခါမိသည်။ လူမှန်းသူမှန်းမသိအောင် မူးရူးနေပြီးတော့

ရင်ဘတ်ကို လက်ဖြင့်ယှက်ကာ အတင်းတွေ ကာကွယ်နေသည်။

ရိပေါ် မင်းက အရောင်နုနုတွေကြိုက်တတ်သလို

မင်းစိတ်ကလဲ နုပါတယ်။

မပြောင်းမလဲဘဲ အရင်အတိုင်းရှိနေတာက

မူးလာရင် လူဆိုးလေးလုပ်တာပဲ။

သူ့ကိုလဲ အကိုင်မခံပဲ ဒယိုင်း ဒယိုင်ဖြင့် အိမ်ထဲဝင်လာသူ။ ကိုယ့်မှာသာ သူလဲမှာ စိတ်ပူနေရတာ။

နှောင်ကြိုးဖွဲ့ ဧည့်သည် (Completed)Where stories live. Discover now