~ 1 ~

2.5K 138 2
                                    


[Unicode ]

ဟန်နွန်းတက္ကသိုလ်ဝင်းအတွင်းသို့ Lamborghini အပြာရောင်တစ်စီးဟာ အရှိန်ပြင်းစွာ စီးနှင်းဝင်ရောက်လာသည် ။ အပြာရောင်လေးရဲ့ ပဲ့ကိုင်ရှင်ဖြစ်သူမှာတော့ ဖောက်ထားသော eyebrow piercingကို ပေါ်လွင်စေရန်အလို့ငှာ နေကာမျက်မှန်ကို ခပ်လျှောလျှောတပ်ဆင်းလျက် အထာကျလွန်းနေသည် ။ hair sprayမကူထားသော မီးခိုးရောင်ဆံစတို့က အပြာရောင်လေးရဲ့အရှိန်အတိုင်း လေထဲမှာ တလွင့်လွင့် ။ နားဆွဲတွဲလောင်းနှင့် နားပေါက်ရာတို့ စီတန်းနေခြင်းဟာလည်း ရူးခါချင်စရာပါပဲ ။

ပြုံးစစနှုတ်ခမ်းပါးတို့က မိန်းမပျိုတို့ အစွဲလန်းကြီး စွဲလန်းရသည့် အဓိကအကြောင်းအရင်း ။ စိတ်လိုလက်ရပြုံးရယ်လိုက်တဲ့အခါ ပေါ်ထွက်လာသည့် သွားစွယ်လေးမှာ ကျရှုံးရသော အမျိုးသမီးထုကြီးဟာ မနည်းမနှော ။
ရှုပ်ယှက်ခတ်နေသော အဆင်တန်ဆာတို့ ဆင်ယင်ထားတာတောင် အမြင်မရိုင်းသွားဘဲ သူ့ခန္တာကိုယ်ပေါ်မှာ လိုက်ဖက်လွန်းနေသလို ။

ထိုအကြင်သူဟာ အခြားသူမဟုတ် ။
ဒုတိယနှစ် ၊စီးပွားစီမံဌာနက ပျိုတိုင်းကြိုက်တဲ့
နှင်းဆီခိုင် ပတ်ဆောင်းဟွန်းပါပဲ ။

ဟန်နွန်းတက္ကသိုလ်မှာ သူ့ကိုမသိသည့်သူဟာ ခပ်ရှားရှားရယ် ။ မဟုတ်ဘူး ...တစ်ကျောင်းလုံး‌တောင် သိရင်သိနေနိုင်သည် ။ နာမည်ကြားရုံနဲ့တင်
' idolတစ်‌ယောက်လို ရုပ်‌ရည်ချောမောတဲ့သူ ၊ ပြိုင်ကားတွေ အရောင်မထပ်အောင် တစ်စီးပြီးတစ်စီး ပြောင်းစီးနိုင်သည့် ရွှေဇွန်းကိုက်မွေးလာတဲ့ သခင်လေး ၊ ပြိုင်ကားလိုပဲ ကောင်မလေးတွေကိုလည်း မရိုးရအောင် ထည်လဲတွဲတဲ့ ခပ်မိုက်မိုက်ကောင်လေး ' လို့ တန်းသိကြသည် ။
ဒါပေါ့ ...ပတ်ဆောင်းဟွန်းဖြစ်နေလို့ ပွေရှုပ်တဲ့ကောင်လို့ ပြစ်ပြစ်ခါခါ မပြောရက်ကြတာလေ ။ ကောင်မလေးတွေကလည်း ကံကောင်းထောက်မလို့ အလွန်ဆုံးတစ်ပတ်ပဲ အတွဲခံရရင်တောင် တပြုံးပြုံးပဲ ။









..

" ပတ်ဆောင်းဟွန်း တော်လိုက်တော့ ...
အတန်းသွားမယ်"

မနေ့ကမှတွဲလိုက်သည့် အသစ်စက်စက်ကောင်မလေးရဲ့
ခါးသိမ်သိမ်ကို တင်းတင်းဖက်လို့ ကျောင်းကန်တင်းမှာ ချစ်ကြည်နူးနေတဲ့အချိန်မှာ ယန်းဂျောင်ဝန်းရဲ့ အော်သံဆူးဆူးဟာ နားထဲကို ကန့်လန့်ဝင်လာသည် ။
ဂျောင်ဝန်းကို အရေးမစိုက်ဘဲ ကောင်မလေးရဲ့ ဆေးခြယ်ထားသော ပန်းရောင်ပါးနုနုကို နမ်းဖို့ဟန်ပြင်ပေမယ့်

FALLING Nơi câu chuyện tồn tại. Hãy khám phá bây giờ