ထိုနေရာသို့ အမျိုးသမီး မာဖီးယားတွေပါရောက်လာကြပြီး
အများစုရဲ့မျက်လုံးတွေက တည်စေရာမိုင်ဘက်သို့လှည့်
ကြည့်လှည့်ကြည့်ဖြင့် လှိုက်ဖိုရင်မောတဲ့ရင်သားတွေဖြင့် မြူ
စွယ်လို့ရလိုရငြား အရက်တခွက်ကို ခပ်ရဲ့ရဲ့ကိုင်ကာအထာ
တွေပေးနေကြလေ၏။

သို့ပေမဲ့...

တည်စေရာမိုင် ဆိုသည်ကား....

"တောက်"

"အချစ် ဘာလို့လဲ"

တွေးထင်လိုက်မိသည်က နိုင်းက အိပ်ချင်နေလို့​ဒေါသတွေပါ
ထွက်နေလေပြီထင်ပေမဲ့....။

"နိုင်းကို နမ်း"

"ဟမ်!!...ဘာကိုအချစ်"

"နမ်းပါဆို"

"......."

"ကျစ်! ဒီယောက်ျားကတော့ ပြွတ်"

"အချစ်...ပြွတ်...အွန်း"

ဒီလိုနေရာ၊ ဒီလိုမြင်ကွင်းကြီးမှာ နိုင်းတုမဟာက အရှက်သည်းနေတာမျိုးမရှိပဲ ရဲတင်းစွာနဲ့ သူ့ကိုနမ်းလိုက်
သည်မှာ မျက်တောင်မခတ်တမ်း။

လမ်းကြောင်းဖွင့်ပေးလိုက်သည်မို့ သူ့ဘက်ကလည်းအားနာ
စရာတွေမရှိလေတော့ဘူးမလား အချစ်။

အားပါပါပြန်လည်နမ်းရိုက်ရင်း စုပ်ယူလေတဲ့လျှာဖျားကိုပြန်
တွန်းထုတ်ရင်း...။

"ဟင့် အိပ်ကြပါမယ်ဆိုနေ"

"ကိုနောက်လိုက်ခဲ့"

ကျယ်ဝန်းလှသည့် ခန်းမဆောင်ကြီးအလားနေရာ၌ အသီး
သီးအိပ်စက်ဖို့ဟန်ပြင်နေလေပြီဖြစ်တဲ့ မာဖီးယားဂိုဏ်းသား
တွေက နေရာအသီးသီး၌ တစ်စတစ်စ ချောင်းမြောင်းနေကြ
တဲ့ ဝံပုလွေတွေအလား။

မနက်တည်းက အစားကိုတောင်အနည်းငယ်ပဲစားကာ နေရာ
စိမ်းတစ်ခုကိုရောက်နေတာမို့ အလှလေးက မကြောက်မရွံ
စိတ်လေးမွေးကာ သူ့ရှေ့မှာ တည်မြဲသော မျက်ဝန်းတွေဖြင့်
ပြသနေပေမဲ့ အလှလေးရဲ့စိတ်ထဲမှာ တစိုးတစတော့ စိုးရွံတဲ့
စိတ်လေးကိန်းအောင်းနေမှာပင်။

"ဂိုဏ်းသားတွေကို ဒီနေရာမှာပဲနေရာချလိုက်မယ်"

ဟု ဒန်နီယယ်က ပြောကာ ညာလက်ရုံးဖြစ်တဲ့ တည်စေရာမိုင်
ရဲ့အဖြေကို ခဏမျှစောင့်လိုက်ဟန် စကားရပ်လိုက်၏။

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now