ကျောက်ချင်းယွမ်သည် အမြဲလိုညဇီးကွက်တကောင်ဖြစ်သည်။ လက်ရှိအချိန်က ၆ နာရီပဲရှိသေးပြီး သာမာန်နေ့တွေမှာသာဆိုရင် အိပ်ဖို့‌ကိုအသာထားဦး သူ့ရဲ့ညပွဲလမ်းသဘင်က အခုမှစတင်တာဖြစ်၏။

သို့ပေမယ့် ယခုအခါမှာတော့ သူ့ရဲ့ပုံမှန်အချိန်ဇယားကိုတောင် မဖြစ်မနေပြောင်းလဲဖို့တွန်းအားပေးခံနေရပြီဖြစ်ကာ ဒါဟာသူ့အတွက်တော့ သေချာပေါက်ကို ခက်ခဲပင်ပန်းလွန်းတဲ့အပြောင်းအလဲတခုလို့ဆိုရမည်ပင်။

"ပျိုးပင်ပေါက်တွေ အများကြီးရှိလိမ့်မှာမဟုတ်ပါဘူး"

ယွီချင့်ဟွမ်က သူ့အားနှစ်သိမ့်အားပေးဖို့ကြိုးပမ်းလိုက်ရင်း

"ငါစစ်ဆေးကြည့်ပြီးသွားပြီ လှည်းသုံးစီးတိုက်စာထက်ပိုမလိုဘူး”

ကျောက်ချင်းယွမ်က မယုံကြည်နိုင်စွာ သူ့အားလည်ပြန်ကြည့်လာသည်။  "မင်းဘယ်လိုလုပ်သိလဲ?"

"စပါးပျိုးပင်တွေကိုအစားထိုးစိုက်ပျိုးဖို့ မြေကွက်သေးလေးတစ်ကွက်စာလောက်ပဲ ငါတို့လိုတာ။ တစ်မူ (တရုတ်နိုင်ငံရှိ တိုင်းတာမှုယူနစ်တစ်ခု၊  ၆၆၇ စတုရန်းမီတာနှင့်ညီမျှ) အတွက် လိုအပ်တဲ့ ပျိုးပင်အရေအတွက်ကို ငါရွာသားတွေကိုမေးကြည့်ခဲ့ပြီးပြီ"

ယွီချင့်ဟွမ်က နွားလှည်းကိုညွှန်ပြလိုက်ပြီး အသံတိုးတိုးဖြင့်ဆိုလာသည်။

“ဒါကြောင့် အကြမ်းအားဖြင့်ပြောရရင် အများဆုံးမှလှည်းသုံးစီးစာပဲ ငါတို့လိုမယ်။ သယ်ယူပို့ဆောင်ဖို့နဲ့ အတင်အချလုပ်ဖို့က နှစ်နာရီနဲ့လုံလောက်နေပြီ။ တကယ်တမ်း ရွာလေးကသေးသေးလေးပါပဲလေ”

ကျောက်ချင်းယွမ်သည် သူ့စကားများကြောင့် ကြောင်အအဖြစ်သွားရသည်။ "မင်းဟာ သောက်ဉာဏ်ကြီးရှင်တယောက်ပဲ!" ဟူ၍ သူပြန်မတုံ့ပြန်မီဆယ်စက္ကန့်စာလောက်အချိန်ယူခဲ့လေ၏။

"မင်းတို့နှစ်ယောက် အဲ့ဒီမှာဘာတွေ တီးတိုးတီးတိုးသဖန်းပိုးလုပ်နေကြတာလဲ?"

ဒါရိုက်တာက သူတို့ထံရုတ်တရက်လှည့်ကြည့်လာပြီး ပီပီပြင်ပြင်ပြုံးပြလာလေသည်။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Where stories live. Discover now