ရှောင်းသခင်လေး (Part 28)

Start from the beginning
                                    

"ကျွန်တော့ကိုရေခဲမုန့်နည်းနည်းကျွေး "

"မကျွေးပါဘူး စားချင်ကိုယ့်ဘာသာသွားဝယ်စား "

ရေခဲမုန့်တွေအများကြီးစားရင် ချောင်းဆိုးမှာသေချာသည်မို့
ရိပေါ်ညာတာပါတေးနဲ့ ​တောင်းစားလိုက်သည်။
သို့ပေမဲ့ ရှောင်းကျန့်ကတော့ သူ့ကိုမျက်စောင်းထိုးကာ
တန်းကိုငြင်းလာလေသည်။

ရေခဲမုန့်သရဲဆီက ရေခဲမုန့်တောင်းစားရတာ လွယ်တဲ့ကိစ္စ
တော့မဟုတ် ။ဒါပေမဲ့လည်း ရသည်ရှိ မရသည်ရှိ
ကြိုးစားတော့ကြည့်ရမည်။

"ကျွေးပါဗျာ ခင်များလက်ထဲမှာလည်း အများကြီးကို "

"မကျွေးပါဘူးဆို ဘာလို့အတင်းလာတောင်းနေတာလဲ "

ဒုတိယအကြိမ်ထပ်တောင်းမိပြန်တော မျက်စောင်း
ထိုးရုံမက ယုန်သွားကိုပါထုတ်ပြကာ အပြင်းအထန်ကိုငြင်း
လေသည်။စိတ်တိုလွယ်တဲ့သူဗိုက်ကလေးကြောင့်
ရိပေါ်တတိယအကြိမ်တော့ အရဲစွန့်ပြီးထပ်မတောင်းရဲ။

ခုရှောင်းကျန့်ပုံစံက သူ့အစာကိုထိလို့ ရန်လုပ်နေတဲ့ယုန်ဆိုး
လေးနဲအရမ်းကိုတူလေသည်။ဒါပေမဲ့ သာမန်ယုန်တော့မဟုတ်
ယုန်ဗိုက်ကလေးဖြစ်သည်။

"မကျွေးချင်လည်းနေပါ ခုတော့နေပူတယ် ဟိုရှေ့က
ခုံလေးမှာသွားထိုင်ရအောင်နော် "

ရိပေါ်ညွှန်ပြတဲ့နေရာကိုကြည့်လိုက်တော့ ထင်းရူးပင်ကြီး
အောက်မှာ ခုံတန်းအနီလေးတစ်ခု။
သစ်ပင်ရိပ်ရှိတာမို့ အေးမဲ့ပုံပေါ်ပြီး ခုံတန်းနဲ့မလှမ်းမကမ်း
တွင် ပန်းခြံသေးသေးလေးလေးရှိလေသည်။
ထင်ရူးပင်ရဲ အနောက်ဘက် လှမ်းလှမ်းတွင် မက်မွန်ပင်ကြီး
လည်းရှိနေပြီး အပွင့်တွေကလည်းဝေဝေဆာဆာပင်။

"အင်း သွားမယ်လေ "

လက်ထဲကရေခဲမုန့်တွေလည်း မကြာခင်အရည်
ပျော်တော့မှာမို့ လက်ခံလိုက်သည်။

ခုံနားကိုရောက်တော့ ရိပေါ်ကခုံကိုသေချာသုတ်ပေးပြီး
သူထိုင်ဖို့လုပ်ပေးနေသည်။အပင်ရိပ်ရှိတဲ့ပြင်
လေလေးတချက်ဝေ့လိုက်တိုင်း မက်မွန်းပန်းရနံလေးလည်း
ကပ်ပါသည်မို့ စိတ်ကြည်နူးစေတဲ့နေရာလေးပင်။

ရှောင်းသခင်လေးWhere stories live. Discover now