💢 Part - 19 💢

Start from the beginning
                                    

" ကဲ ကိုရယ် ဘယ်လိုတွေပြောနေတာလည်း။သားလေးက အထဲကနေကြားသွားရင်စိတ်မကောင်းဖြစ်နေပါအုံးမယ်။ဟော သူ့ဒယ်ဒီကအပြင်တောင်မရောက်သေးဘူး ရိုက်ဖို့ပြင်နေတယ်ဆိုပြီး ဝမ်းနည်းသွားရင်ဘယ်လိုလုပ်မလည်း ကိုရဲ့ "

" အဲ့လိုကြီးလည်း မဟုတ်ဖူးလေ ကလေးရယ်။အဟဲ ကိုယ်ကမင်းကိုစိတ်ပူလို့ပြောတာပါ "

" အင်းပါ နောက်ဆိုဆင်ခြင်ပြောနော် "

" ဟုတ်ကဲ့ဗျ။အော် ဒါနဲ့ ပါးတစ်ယောက်လည်းမမြင်ပါလား မားရေ "

" အင်း သားမလာသေးလို့ဆိုပြီး သားကျန့်လေးရဲ့ဆေးစာရင်းအတွက် ဆရာဝန်ကြီးတွေခေါ်သွားတယ်သားရဲ့။ခင်ပွန်သည် ဒါမှမဟုတ်မိဘအုပ်ထိန်းသူ ဖြစ်ရင်ရတယ်ဆိုလို့ သားပါပါးလိုက်သွားတာ "

" ဟုတ်ပါပြီ ကလေးက ဘယ်ချိန်ခွဲခန်းဝင်ရမှာလည်း "

" ည ၈ နာရီ ကိုရဲ့ "

" ကိုယ့် ကလေးလေးအိပ်ရေးပျက်တော့မှာပဲကွာ ဒီဆရာဝန်တွေနဲ့တော့ "

" ကြည့်ပါလား ကျွန်တော့်ယောကျာ်းလေးဘာဖြစ်လာတာလည်းဗျ။အကုန်ပတ်ရမ်းနေတော့တာပဲ ။သူတို့လည်းလပ်တဲ့အချိန်ပေးရတာပေါ့ ယောကျာ်းရယ်။ဆရာဝန်ကြီးတွေကအလုပ်တွေ ဒီလောက်များတာကို။တစ်ခြားလူနာတွေလည်း ရှိသေးတယ်လေ "

" ဟုတ်သားပဲ ငါ့သားရယ် ။မား သားလေးက သားပါပါးတုန်းကထက်ဆိုးနေပါလား ။သားမယားဇောတွေ ပြောပါတယ် "

" ဟုတ်တယ် မားရေ။သားလည်းမသိတော့ဘူးဗျာ ။သားကိုယ်သားထပ်ပဲကလေးနဲ့သားလေးကိုပဲ ပိုစိတ်ပူနေတော့တာ "

" ဖခင်တစ်ယောက်ရဲ့ မေတ္တာတရားပေါ့ ငါ့သားရယ် "

" ပါး ပြန်လာပြီပဲ "

အခန်းတံခါးဖွင့်ကာဝင်လာတဲ့ ဝမ်ပါးကရိပေါ်ကိုလှမ်းပြောလိုက်သည်။လက်ထဲမှာလည်းဆေးစာရွက်တွေနဲ့ဆေးဘူးတွေလည်း စုံနေအောင်ကိုင်လာသေးတယ်။နောက်ဖက်ကယွီပင်းလည်းတစ်ခါထဲ ပါလာသည်။

" သားက ပါးနေရာရောက်နေပြီဗျ "

" ဟုတ်ပါ့ကွာ ပါးတုန်းကလည်း သားကိုမွေးတော့ အဲ့တိုင်းပါပဲကွာ "

💢🔞 ကို 🔞💢 COMPLETEDWhere stories live. Discover now