Under The MoonLight (18)

2.8K 287 27
                                    


" ဒါဘာသဘောလဲ ဥက္ကဌကြီး "
.
.
.
ကြမ်းတမ်းတဲ့အပြုအမူနဲ့အတူ ဒေါသအရိပ်အယောင်တွေထင်ဟပ်နေတဲ့သားဖြစ်သူဟာ
အဖေဖြစ်တဲ့သူရဲ့ဖြစ်တည်မှု့ကိုပင်သတိမရလောက်အောင်ဒေါသထွက်ပုံရသည်။
.
.
အိမ်တော်ရဲ့စည်းကမ်းချက်တွေကိုဂျွန်ဂျောင်ကုအရေးမလုပ်တာမျိုးကမဆန်းပေမယ့် ခြံထဲအထိကားကိုအရှိန်မသတ်ဘဲမောင်းလာကာစာရွက်တစ်ခုကိုပြစ်ပေးပြီးမရိုမသေပြုမူနေပုံကထူးဆန်းနေတာ

ဘလိုဘဲဂျွန်ဂျောင်ကုသူ့ကိုစိတ်နာနေပါစေ ဂျွန့်ရဲ့အကျင့်အရတော့ထိုလူကိုသူ့ဘဝထဲကနေသေစာရင်းသွင်းပြီးမရှိတဲ့လူတစ်ယောက်လိုသာဆက်ဆံတက်သည်

သူ့ဘက်ကJeonမျိုးရိုးတစ်ခုလုံးကိုလည်းလစ်လျူရှု့ထားသည်မှာ ဂျွန့်ရဲ့အမေမရှိကတည်းကဖြစ်ပြီး သူ့ကိုတော့မေးထူးခေါ်ပြောလောက်သာပြောဆိုတက်သည်။

Jeonဆိုတဲ့မျိုးရိုးနာမည်ကလည်းမိခင်ဆီကသာဖြစ်ပြီး သူ့မျိုးရိုးမဟုတ်ကြောင်း ဂျောင်ကုငယ်ငယ်ကပြောဖူးတယ် သူ့အပေါ်မှာဒီကလေးသူစိမ်းဆန်တယ်ဆိုပေမယ့် ဂျွန်ဟာသူ့အပေါ်ဘယ်တော့မှမရိုင်းခဲ့ဘူး ဒါဟာပထမဆုံးဘဲ ဂျွန်သူ့ကိုဒီလိုလုပ်တာ
.
.
.
.
" ငါကမင်းရဲ့အဖေဆိုတာကိုလဲမင်းအတွေးထဲထည့်ထားအုံးဂျွန်ဂျောင်ကု မင်းအပြုအမူတွေကသိပ်ရိုင်းစိုင်းတယ် "
.
.
.
.
.
" အင်း..ကျနော်ကအဲ့လိုလူဘဲ ဒါပေမယ့်ဥက္ကဌကြီးလိုတော့ကတိမတည်တဲ့လူကြီးလူကောင်းတစ်ယောက်မဟုတ်ဘူး"
.
.
.
" မင်းဘာကိုပြောချင်တာလဲငါနားမလည်ဘူးဂျွန် ဒါပေမယ့်မင်းနဲ့ငါစကားသေချာပြောမှဖြစ်တော့မယ်ထင်တယ် "
.
.
.
.
" စကားပြောယုံတင်မဟုတ်ဘဲ ကိုယ်ရှုပ်ထားတဲ့ကိစတွေကိုပါရှင်းပေးရမှာ
သေလောက်အောင်အလုပ်တွေဖိလုပ်ပြီးစောက်ရေးမပါတဲ့အပေးအယူကြောင့်ဘလောက်တောင်အချိန်တွေဖြုန်းထားမိလဲ "
.
.
.
တကယ်ကိုဒေါသထွက်နေတဲ့သူ့ပုံစံကသူ့အဖေဆိုသူကိုသွေးကျဲစေပုံရသည်။

ဂျွန်ဂျောင်ကုဆိုတာတဇွတ်ထိုးနိုင်ချင်နိုင်မယ်ဒီလိုမျိုးတော့ဖြစ်ခဲတာမလို့လေပြေသွေးဖို့သာဂျွန်​​ဆောင်းဂီတက်နိုင်သည်။

Under The MoonLight ( Completed ) Where stories live. Discover now