အပိုင်း (၆၅)

Start from the beginning
                                    

———————————————————————————————————————————-

" သား အိမ်တော်ကို အကြောင်းကြားပြီးပြီလား "

ဘယ်ဆီ၊ ဘယ်ဝယ် ပြေးသွားသော အသည်းတစ်ခြမ်းလေးကို ရှာရင်း ဧည့်ခန်းထဲမှ အဖေဆီက အမေးစကားတို့ကြောင့် ကိုယ်ကို ခပ်ကျုံကျုံ့ ထိုင်ရင်း တလေးတစား ပြန်ဖြေနေမိသည်။

" ဟုတ် အဖေ၊ အပါးက ဟိုမှာ အဆင်ပြေနေတာမို့ စိတ်မပူဖို့ပြောတယ်ဗျ၊ ဒီက အလှူအတန်းကိစ္စ နောက်ဆန်မတင်းဘဲ အောင်မြင်အောင် လုပ်ဖို့လည်းမှာလိုက်သေးတယ်အဖေ "

" အေးပါကွာ...ဒီမှာက အကုန်စီစဉ်ပြီးသားမို့ ပြေပါတယ် ၊ သားနားရင်နားတော့လေ ၊ အပေါ်ထပ်လှေကား ညာဘက် ကပ်လျက်က ဖိုးသားလေးအခန်းမို့ သူတို့ရှိလိမ့်မယ် "

" ဟုတ်ကဲ့ဗျ၊ ဒါဆို သွားခွင့်ပြုပါအုံး အဖေနဲ့ အန်ကယ် "

" အေး..အေး.."

" ကောင်းပါပြီကွာ...."

နယ်မြို့ခံ နယ်အိမ်ပီသစွာ ထူထပ်စွာ ခင်းကျင်းထားသော ပျဉ်ခင်းအိမ်ကြီး၏ လှပခန့်ညားလှသော လှေခါးတစ်ထစ်ဆီတိုင်းမှာ အံ့ဩမူတွေ ကိန်းအောင်းလျှက်။ ကြီးမားလှသော လက်တစ်ဖက်စာ သစ်တိုင်လုံးများကိုအသုံးပြုကာ ပျဉ်ထောင်ပျဉ်ခင်းဖြင့် ဝရံတာအပါအဝင်အခန်းလိုက်ဖွဲ့စည်းထားမူတို့နှင့် ရေနံကြီး အဝတိုက်ထားသော ရှေးဟောင်း နှစ်ထပ်အိမ်ကြီး။ မီးလင်းဖိုဆောင်ကို နှစ်ထပ်ပြုလုပ်ကာ အိမ်မကြီးအပေါ်ထပ်ဖြင့် ချိတ်ဆက်ထားသော ငါးပင်ဆောင်အိမ်ကြီး ။

နံရံပေါ်မှာ မည်သည့်တောကောင်ဦးချို မသိသော နံရံအလှဆင်ထားပုံ၊ အိမ်ခေါင်းရင်း၍ သစ်ပင်ကြီးများစီတန်းလျှက် အိမ်နောက်ဘေး ဝါးရုံတောအပါအဝင် စိုက်ခင်းမမည်သော သူ့ဘောင်အလိုက် ပြုလုပ်ထားသော စိုက်ပျိုခြံများ၊ သဘော်၊ ငှက်ပျော ၊ မာလကာ၊ သရက် စသည့်သီးသစ်ဝလံများ ။ သပြေ၊ နှင်းဆီ၊ စံပါယ်၊ မြတ်လေး၊ဇွန် ၊ ဇီဇဝါ နှင့် သဇင်၊ ရောင်စုံဖူးပွင့်နေကြသော သစ်ကပ်ပန်းပင်အလှ သစ်ခွမျိုးစုံတို့က မွှေးကြိုင်လှသည့်ရနံ့ထုံစွာ ။

နယ်မြို့၏ ကျယ်သော ဝန်းခြံအလိုက် မြင့်မားသော ခြံစည်းရိုးများနှင့် စုံလင်သာယာနေချင်စဖွယ်ဖြစ်နေသည့်အမျိုးသား၏ ဇာတိမြေ။ သည်အရပ်က အိမ်ကြီးအိမ်ကောင်းတွေက မက်မောချင်စရာ သူ့သဘာဝ၊ သူ့အလှ နှင့် ကြီးကျယ်မြင့်မြတ်ပုံ။

ချစ်ခြင်းတို့အလွန် Where stories live. Discover now