"ကျွန်တော် ဒီည ဒီမှာပဲအိပ်မယ် "

မြေးဖြစ်သူစကားကြောင့် ပြုံးမိသည်။ သူမအသက်ကြီးနေမှန်းတော့ သိသေးသည်ထင်၏။ တမင်အပေါ်ထပ်သို့လိုက်မပို့စေချင်တာမို့ ဒီလိုပြောနေမှန်း သူမရိပ်စားမိပါသည်။

"ဖြစ်မလား မြေးရယ် "

"ဖြစ်ပါတယ် ။ ဖွားပဲပြောဖူးတယ်လေ ကျွန်တော်လိုချင်ရင် မဖြစ်နိုင်တာမရှိပါဘူးဆို "

"မတူဘူးလေ မြေးဇဏ်"

"ဘာလို့ မတူရမှာလဲ ။ လူတွေအားလုံး ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့လူတွေပဲလေ ။ ပိုက်ဆံလေးနည်းနည်းရှိရုံနဲ့ အများကြီး ကွာခြားသွားတာ မရှိပါဘူး "

ချေပစရာ စကားလုံးတို့ မရှိသည်မို့ အခန်းထဲသို့ပြန်ရန်သာ ကြံရွယ်လိုက်သည်။ ထိုစဉ်ထွက်လာတဲ့ စကားသံကြောင့် ခြေလှမ်းတို့က ရှေ့သို့မရွေ့။

"ဖွား လုပ်ရက်တယ် "

ဘာဆက်ပြောမလဲ သိချင်တာမို့ သူမဆက်နားထောင်နေလိုက်သည်။

"ထင်မထားဘူး ။ ငယ်ငယ်ထဲက ဒယ်ဒီထက် ဖွားကိုပိုချစ်ခဲ့တာ ။ ဖွားက ရက်စက်တယ်။ ဘာလို့များ ချစ်ခြင်းတွေကို ခွဲရတာလဲ။ အဲ့လိုချစ်တဲ့သူတွေ ဝေးသွားတော့ရော ပျော်ရဲ့လား ။ အခုလည်း ဖွားကျွန်တော့်ကို လုပ်ဖို့ကြံစည်နေပြန်ပြီ "

မြေးရဲ့ ရောက်တတ်ရာရာ စကားများကြောင့် သူမတုန်လှုပ်သွားသည်။
မြေးက ဘာတွေကို ဦးတည်ပြီး ပြောနေတာလဲ။

"ဘာကိုလဲ မြေးဇဏ်။ မြေးဘာတွေပြောနေတာလဲ "

"ကျွန်တော် သူ့ကိုချစ်တယ်။ သူ့ကိုသဘောကျပြီး  ကျွန်တော့်ကို ပြုံးရယ်နိုင်လုပ်ပေးတာ သူကလွဲလို့ဘယ်သူရှိမှာလဲ ။ ဖွားရော ဒယ်ဒီရော လုပ်ပေးခဲ့လား။ ပိုက်ဆံရှိရင် ပြုံးရယ်နိုင်မှာပဲလို့ တွေးခဲ့ကြတာမလား။

ကျွန်တော်လည်း ငယ်ငယ်ကအဲ့လိုထင်ခဲ့တာ ။ ဒါပေမဲ့ စစ်သွေးအမှုပြီးနောက်ပိုင်း သိလာတယ် ။ တကယ်တော့ ပိုက်ဆံတွေက ပြုံးပျော်စေနိုင်တာမဟုတ်ဘူး ။ ချစ်ခြင်း‌မေတ္တာတွေကသာ ပျော်ရွှင်စေတာဖွားရဲ့ ။ ပိုက်ဆံဆိုတာ သေချာပေါက်လိုအပ်ပေမဲ့ ဘ၀တစ်ခုလုံးအတွက်တော့ မဟုတ်ဘူးလေ။ ဖွားရဲ့သားကို ကြည့်လိုက်ပါဦး ။ ဒယ်ဒီပျော်နေရဲ့လား "

Love Of My Life [Completed]Where stories live. Discover now