“ဟိုင်း...ဟာရူတို”
“ဒီနေ့အရမ်းတတ်ကြွနေပါလား”
“အင်း ငါကောင်းတဲ့သတင်းတစ်ခုပြောစရာရှိလို့”
“ဘာများလဲ။ရင်တွေခုန်လိုက်တာ”
“နောက်လထဲမှာကျင်းပမယ့် နာမည်ကြီးအဆိုတော်တစ်ယောက်ရဲ့ One man show မှာ ငါဧည့်သည်အဖြစ်ဖျော်ဖြေခွင့်ရတယ်”
“ဝိုးတစ်ကယ်ကြီးလား။ဘယ်လိုရသွားတာလဲ”
“ကျောင်းသားတွေကို အခွင့်ရေးပေးချင်လို့ လူရွေးပွဲလုပ်တာလေ။ငါတစ်ယောက်တည်းအရွေးခံရတယ်။”
ဂျွန်ဂယူက စိတ်လွတ်ကိုယ်လွတ်ပြောနေပြီးလွတ်လပ်စွာပြုံးနေသည်။ထိုအကြောင်းကိုပြောချင်လို့ စိုနေသည့်ခေါင်းကိုသေချာတောင်မသုတ်နိုင်ဘူးထင်သည်။ဆံပင်က ရေမခြောက်တခြောက်ဖြစ်နေ၏။ပြီးတော့သူအနည်းငယ်လဲပိန်သွားခဲ့သည်။လူကသာပိန်သွားပေမယ့် ပါးဖောင်းလေးကတော့လျှော့မသွားပေ။ ဟာရူတို Screen ကိုငေးနေရင်း....
“ဂျွန်ဂယူရား”
ထိုအခါဂျွန်ဂယူက သူ့အားပြန်ပြီးပြူးကြည့်လာ၏။
“ငါမင်းကိုသတိရလိုက်တာ။ကျန်းမာရေးလဲဂရုစိုက်ဦး”
ဂျွန်ဂယူခဏကြာမျှဘာပြောရမှန်းမသိဖြစ်သွားပြီးမှ....
“ဒါဆိုပွဲကိုလာခဲ့ပါလား နောက်လ ၃၁ ရက်နေ့”
“Happy new year ညပဲ”
“ဟုတ်တယ်”
“ဒါ ဒါပေမယ့်”
ဟာရူတိုကခေါင်းလေးငုံ့သွားတော့ဂျွန်ဂယူက ဘာများဖြစ်တာလဲဆိုပြီးစိုးရိမ်သွားလေ၏။
“ဒါပေမယ့်ဘာဖြစ်လဲ”
“ငါအဲ့နေ့ မမယူရီနဲ့ချိန်းထားတယ်။ ငါ ငါသူ့ကို propose လုပ်မလို့”
ထိုသို့ပြောတော့ ဂျွန်ဂယူ၏နှလုံးသား လေးဟာချောက်ထဲပြုတ်ကျသွားသလိုခံစားလိုက်ရသည်။သူနောက်ထပ်ဘာစကား ပြောလို့ပြောရမှန်းတောင်မသိဟန်မဆောင်နိုင်ပဲဆွံအနေခဲ့၏။
“ငါ ငါမင်းကိုနားလည်တယ်ဂျွန်ဂယူ။သူကငါတို့အမလိုဖြစ်နေခဲ့တာမဟုတ်လား။မင်းလန့်သွားမှာပေါ့”
![](https://img.wattpad.com/cover/319965206-288-k53892.jpg)
part-6
Start from the beginning