Wild Flower_4

145 8 13
                                    

.''ဒီမှာ... ဒီမှာ....လူငယ်လေး!! ကားကဂိတ်ဆုံးနေပြီ''

''..ဒါ အီလ်ဆန်လား''

နိုးတဝက်အသံနဲ့အာလေးလျာလေးမေးတော့ ကားမောင်းသူဦးလေးကြီးက သူ့အား အနည်းငယ်ဆွဲထူပေးသည်။

''ရောက်ပြီ... ဒါအီလ်ဆန်ပဲ ''

ဂျီမင်ဆီတွင် ယူစရာပစ္စည်းများများစားစားရယ်မပါ leather ဘေးလွယ်အိတ်ကိုလွယ်ရင်း ကားပေါ်ကဆင်းသည်နှင့်
လက်ကခေါင်းစည်းကြိုးကိုဖြုတ်ကာ ပိုနီတေးလ်ပုံစံ စည်းနှောင်လိုက်သည်။ ဆေးအရှိန်နည်းနည်းသေသွားသလိုခံစားလိုက်ရသည်ကြောင့် ဂျီမင်သည်အိတ်ထဲကဆေးကိုအသာနှိုက်ရင်း နှစ်လုံးလောက်ပစ်သွင်းလိုက်သေး၏။

''Taxi...!!''

ကားခုံတွေကိုဂျီမင်မှီချလိုက်ရင်း သက်ပြင်းရှည်ဖြင့်စိတ်တွေလွှတ်ချပစ်သည်။သူအရမ်းကိုစိတ်ပင်ပန်းနေပါပြီ။
သူကလည်းသိပ်မက်ရသလို ဂျွန်ကလည်းသိပ်မက်လွန်းနေတာပဲကို ဘာတွေများခက်ခဲနေလို့လဲ။
ပါ့ခ်ဂျီမင်တို့မာနတွေချနင်းပေးတာ သူ့တစ်ယောက်တည်းအတွက်ပဲဆိုတာ ပညာတက်ကသိပုံမရဘူး။
ပညာတတ်က နေရာတကာစည်းဘောင်အတွင်းကနေပဲ စာအုပ်ကြီးလိုလိုက်လုပ်နေတက်တာ။

တရွေ့ရွေ့နဲ့ နောက်ဆုံးတော့ နမ်ဂျွန့်အိမ်သို့ သူရောက်လာခဲ့၏။ အိမ်သည်ခပ်ကြီးကြီးပေမယ့် သာမာန်အိမ်အမျိုးအစားပါပဲ။ ထူးထူးခြားခြားပြစရာဆိုလို့စုံစိနေအောင်စိုက်ထားတဲ့အပင်တွေသာဖြစ်လိမ့်မည်ထင်၏။

အိမ်သည် ခြံတံခါးက သစ်သားအစိမ်းရောင်နဲ့အလှဆင်ထားပြီး ခြံဝန်းထဲအနီရောင်ခုံနှစ်ခုံခန့်မျှသာချထားသည်။ ဘာရယ်မဟုတ် ဒီလိုရိုးရှင်းနေသည်ကပင် ဂျွန်ရဲ့ အငွေ့အသက်အပြည့်အဝရပါ၏။
အိမ်ကြီးသည် အပြင်ကလှမ်းကြည့်ရင်တောင်မြင်သာရတဲ့အထိကြီးပေမယ့် သိပ်ခမ်းခမ်းနားနားတော့မဖြစ်နေဘဲ တော်တော်လေးကိုရိုး၏။

သူ အင်္ကျီတွေကိုသပ်ခတ်အောင်ပြုပြင်လိုက်ကာဆံပင်စည်းထားသည်ကိုပင် ဖြည်ချလိုက်ပြီး ပုံကျအောင်ပိပြားလိုက်သေးသည်။

အမှန်တိုင်းဝန်ခံရရင် ဂျွန့်အမေကို သူနဲ့လက်ထပ်လိုက်တုန်းက သူ့ကို ပါးတစ်ချက်လာချသွားတုန်း ခနမျှသာမြင်ဖူးသည်။
ကျန်တာအဆက်ဆံလည်းမရှိ။ ရှင်းရှင်းပြောရင်သူ့ဘဝမှာ ဆေးနဲ့ကင်မ်နမ်ဂျွန့်ကိုပဲ ကြည့်နေခဲ့ဖူးတော့သူ့အသိုင်းအဝိုင်းသူ့မိသားစုကအစ ထဲထဲဝင်ဝင်မသိခဲ့တာအမှန်။

 WILD FLOWER [joonmin /hopekook]Waar verhalen tot leven komen. Ontdek het nu