Wild Flower_1

462 36 10
                                    

*𝐈𝐭'𝐬 𝐧𝐨𝐭 𝐢𝐧 𝐭𝐡𝐞 𝐬𝐭𝐚𝐫𝐬 𝐭𝐨 𝐡𝐨𝐥𝐝 𝐨𝐮𝐫 𝐝𝐞𝐬𝐭𝐢𝐧𝐲 𝐛𝐮𝐭 𝐢𝐧 𝐨𝐮𝐫𝐬𝐞𝐥𝐯𝐞𝐬 *

William Shakespeare

:::::::::::::::::::::::::::::::::::::::::::::::::::::::::

''ဒီအထဲကပိုက်ဆံတွေရော နမ်ဂျွန်!!''

အံဆွဲတစ်ခုချင်းစီဆွဲရင်း လိုက်ရှာနေသည့်ဂျီမင်က
ရှာရင်းတန်းလန်းဖြင့် မေးနေခြင်းဖြစ်သည်။
သူကတော့ ကုတင်ဘေးကခုံပေါ်ထိုင်ရင်း ဂျီမင်လှုပ်ရှားမှု့တိုင်းကိုထိုင်ကြည့်နေလိုက်သည်။

''မရှိတော့ဘူး!!ဒီထဲမှာမရှိတော့ဘူး ဂျွန် !! ပိုက်ဆံနည်းနည်းလောက်ပေးပါ့လား ''

နှာခေါင်းလုံးလုံးလေးကို အကြိမ်ပေါင်းများစွာပွတ်ရင်း လှမ်းကြည့်ကာပြောတော့ သူမျက်နှာတွေလွှဲချပစ်လိုက်ပြီးမကြားချင်ယောင်ဆောင်နေလိုက်သည်။
သူဘယ်တော့မှပေးမှာမဟုတ်တာကို သိသိရက်နဲ့
အပင်ပန်းခံတောင်းနေတာက သက်သက်မဲ့အပိုအလုပ်တစ်ခုမဟုတ်လား ။ ပါ့ခ်ကို သူမကြည့်မိအောင်နေပြီး လျစ်လျူရှုလိုက်ရ၏။

မြင်နေရသည့်ဂျီမင်ပုံစံသည် အနည်းငယ်ဖြူဖက်နေပြီး မျက်ကွင်းတစ်ဝိုက်ညိုကာနေတော့သည်။
အနည်းငယ်ပွနေတဲ့ သူ့ရဲ့လက်ရှည်ရှပ်တစ်ထည်ကိုပင်ကြယ်သီးနှစ်လုံးလောက်မျှပင်တပ်ဝတ်ထားပြီး အားကစားဘောင်းဘီတစ်ထည်ဖြင့်တွဲဝတ်ထားသည်။
အရင်လိုလှလှပပပါခ့်ဂျီမင်ကိုတစ်နေရာမှရှာလို့မတွေ့တော့သည်အထိ ပါ့ခ်ဂျီမင်ဆိုတာ မှိုင်းတိုင်းတိုင်းနှင့်။

လက်လက်ထနေတဲ့ လက်ကလက်စွတ်တွေ၊ ဟန်းချိန်းတွေ၊ နားကနားကွင်းတွေကအစ တန်ဖိုးရှိသလောက်အကုန်ကုန်ခဲ့တဲ့အထိပဲမဟုတ်လား။ သည်လောက်အထိကိုပါ့ခ်ဂျီမင်ကလွန်နေခဲ့ခြင်းဖြစ်သည်။

''ကျွန်တော် မရတော့လို့ပါ ဂျွန်ရာ!! တစ်ခေါက်တည်းပါ
ဒီတစ်ခေါက်တည်း သုံးတော့မှာ... ကတိပေးတယ် ''

ငိုတော့မည့်အသံတွေနှင့် မဲ့ကျနေသောမျက်နှာပေးတွေနဲ့ပြောနေခြင်းက ပါ့ခ်ဂျီမင်တို့လုပ်ကွက်တစ်ခုမဟုတ်မှန်းတော့သူသိပေမယ့် ကတိစကားကျမှ သူဟက်ခနဲရီချမိသည်။

 WILD FLOWER [joonmin /hopekook]Where stories live. Discover now