အခုတော့ ကွင်းပြင်ထဲလာလည်တဲ့သူတစ်ယောက်မှ  မရှိပါဘူး ။ သူတို့က ပျိုးပင်တွေ စိုက်ပျိုးဖို့ ကွင်းထဲမှာ အပေါက်လေးတွေ တူးလိုက်ကြတယ်။ ပိုင်မုက ပျိုးပင်တွေ ရှင်နိုင်ပါ့မလားလို့ စိုးရိမ်နေတာကြောင့် နေရာလွတ်ရဲ့ မှော်ဆန်တာကို တွေးမိပြီး နေရာလွတ်ထဲက မြေဆီလွှာအချို့ကို ယူလိုက်ကာ သစ်ပင်ရဲ့အမြစ်တွေအောက်မှာ ထားလိုက်ပြီးနောက်  နေရာလွတ်ထဲက ရေကိုယူပြီး ရေလောင်းပေးခဲ့တယ်။

အကုန်စိုက်ပျိုးပြီးနောက် လူနှစ်ဦးက အတူတူ အိမ်ပြန်ခဲ့ကြတယ်။ သူတို့ အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ အားမိုက သူတို့ဆီကို လာလည်ခဲ့တယ်။

"အားမို မင်းကဘာလို့ဒီကိုရောက်နေတာလဲ အန်ဒီ အဆင်မပြေလို့လား" အားမိုက  ခဲယ်လ်တစ်ဆီ ရောက်လာတာကိုမြင်ရတာ ထူးဆန်းတယ်။ သူတို့ အခုလေးတင် တွေ့ခဲ့ကြတာမဟုတ်ဘူးလား?  တစ်ခုခုဖြစ်လို့များလား?

" အန်ဒီအဆင်ပြေပါတယ် တာ့ဝူက အဲ့ဒါပုံမှန်ပါပဲလို့ပြောတယ် ၊ သားပေါက်လေးတွေကိုယ်၀န်ဆောင်ထားရတဲ့ မိန်းမပျိုတွေက အဲ့လိုမျိုးချည်းပဲတဲ့ " အန်ဒီ အကြောင်းကိုသာ ပြောရရင် အားမိုမှာ အဆုံးမရှိတဲ့ စကားတွေ အမြဲပြောလေ့ရှိတယ်။

"ဒါဆို မင်းဘာဖြစ်လို့လဲ" ခဲယ်လ်တစ်က  အကြောင်းအရာကို ပိတ်ဆို့လိုက်တယ်။ အားမိုက များသောအားဖြင့် စကားအများကြီးပြောလေ့ရှိတယ်လို့ မထင်လိုက်ပါနဲ့။ ဒါပေမယ့် သူ့ကလေးအန်ဒီအကြောင်းကို ပြောနေသရွေ့တော့ သူက လူတွေကို သေလောက်အောင် စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တယ်။

“ဒါပဲလေ တာ့ဝူဆီက ပြန်လာပြီးတော့ ခရမ်းချဉ်သီးကို ရေဆေးပြီး အန်ဒီကို စားဖို့ ပေးလိုက်တယ်"အားမိုက ပြုံးပြီး ဆက်ပြောတယ်။" အန်ဒီက အဲ့ဒါကို စားရတာ အရမ်းကြိုက်တယ် သူစားပြီးရင် ပြန်ပျို့တက်လာတုန်းဖြစ်ပေမယ့်လည်း ပြန်တော့မအန်ဘူး"

ပိုင်မုက မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာတဲ့အမူအရာကို ပြခဲ့တယ်။ကိုယ်ဝန်ဆောင်အများစုက အချဉ်စားရတာကို နှစ်သက်ကြပုံရတယ်။  ဒီအချိန်မှာ  အချဉ်နဲ့ အပူအစပ်တွေကြိုက်တယ်ဆိုတဲ့ စကားကို သူမှတ်မိတယ်။ ဒီနေရာမှာ သမီးတွေ မရှိဘူး ၊ အကုန်လုံးက ယူဆောင်သွားတာခံလိုက်ရပြီဆိုတော့ ဒီစကားက အလုပ်ဖြစ်သေးလားဆိုတာကိုပဲ သူမသိတာ ။ ဒီနေရာက ခြားနားချက်ကို ကြည့်ရရင်တော့ အန်ဒီက အနာဂတ်မှာ orcs လေးကို မွေးဖွားဖို့ အခွင့်အလမ်း ပိုများလာမယ်လို့ ဆိုလိုတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now