Castele in the air 18

Magsimula sa umpisa
                                    

"Kim Taehyung"

နားထဲမှာ ရုတ်တရက် မေမေ့အသံကို ထယ်ယောင်းကြားလိုက်ရတာမို့ ခေါင်းလေးကို အခန်းတံခါးဆီစောင့်ကြည့်လိုက်မိသည်။

ဟုတ်ပါတယ် မေမေနဲ့အတူ Jiminအမေပါ ပါသည်။

Jimin က လူကြီးတွေရှိနေတာ သိလည်း မသိပေ ထယ်ယောင်း ဆီမှာသည် စိတ်ကို ဦးတည်ထား၍သာ

"မေမေ"

ထယ်ယောင်း Jiminပုခုံးလေး ကိုတွန်းဖယ်က စောင်ပုံထဲကနေ ထ ထိုင်လိုက်ရ၏။ထိုအခါမှJiminလည်း ကိုယ်နေဟန်သပ်ကာ စောင်ပုံထဲမှာဘဲ ထိုင်နေလိုက်သည်။

မေမေ ကမျက်ရည်တွေ ဝဲလို့ ဒေါသကြောင့် ထင်ပါရဲ့ကုတင်နား အမြန်လျှောက်လာကာ Jiminပါးကို လေး ငါး ချက် မကချတော့၏။

"မေမေ...."

ထယ်ယောင်း မေမေ့လက်ကိုဝင်ဆွဲတော့ အမေ့ဒေါသ တွေ သူ့ဆီရောက်လာပြီး သူပါ ပါးပေါ်မေမေ့ လက်ဝါးကျရောက်ခြင်း ၃ချက်မက ခံလိုက်ရ၏။

"ကျွန်တော့်ဘဲ ရိုက်ပါ အန်တီ ထယ့်မှာအပြစ်မရှိပါဘူး"

ထယ့်မေမေဟာ သက်ပြင်း အခါခါကာ ချကာ ထယ်ယောင်းအား မျက်ရည်ဝိုင်းတွေနဲ့ နှမျောစွာ ကြည့်ပြီး ငိုတော့၏။

Jiminမေမေက မေမေ့ပုခုံးလေး ဖက်ကာ နှစ်သိမ့်ပေးဖို့ရန်အားယူရသည်။အခုချိန်မှာ သူလည်း မျက်နှာပူလှရတယ်မလားးး

"အခန်းအပြင်ထွက်ခဲ့ကြ "

မေမေဟာ ပြောပြီးတာနဲ့ အိပ်ခန်းထဲက ထွက်သွားတော့ အန်တီပါ လိုက်သွားသည်။

လူက အခုချိန် ကြောင်တိကြောင်နာ ငိုင်နေရုံကလွဲ မတတ်တာပေ ကုတင်ပေါ်က ဆင်းပြီး ရေချိုးခန်း ဝင်တော့ မှန်ကနေ ကိုဟ်ပေါ်မှာ ရှိတဲ့ markingတွေကို မေမေ မြင်သွားလားစိုးရိမ်စိတ်က အခုမှဖြစ်မိသည်။

Jiminတစ်ယောက်တော့ ရေချိုး ခန်းထဲမ လိုက်ဖို့မှာထားခဲ့တာမို့ သူ့အခန်းထဲ ရေချိုးခန်း သူသွားလောက်ပြီ

ထယ်ယောင်း ရေအမြန်ချိုးကာ အဝတ်စားအမြန်လဲကာ မေမေနဲ့အန်တီ ထိုင်နေတဲ့ ဧည့်ခန်းသွားရ၏။

Jiminက ရောက်နှင့်နေပြီ ........

ထယ်ယောင်း Jiminဘေး ဝင်ထိုင်ရုံရှိသေးမေမေ က လူကို လက်လှမ်းဆွဲကာ ငိုတော့တာဘဲ

Castle in the airTahanan ng mga kuwento. Tumuklas ngayon