Special 1 Commander Nancy 's Morning Routine

9.1K 145 2
                                    

" ဇနီးလေး ဒီနေ့အိမ်မှာ လိမ်လိမ်မာမာနေနော် ‌။ ကလေးတွေက တအား‌ဆူပူလာရင် ကလေးထိန်းသည်တွေကို ကူထိန်းခိုင်းထားနော် ၊ မဟုတ်ရင်လည်း ဦးရီးတော်အိမ်ကို လိုက်ပို့ခိုင်းလိုက် ၊  တစ်ယောက်ထဲ ကလေးတွေနဲ့ အပင်ပန်းခံမနေနဲ့၊ ပြီးတော့ ကလေးတွေကို ပစ်ထားပြီး တစ်ယောက်ထဲ အပြင်လျှောက်သွားတာမျိုးလည်း လက်မခံဘူးနော် "
နန်းတွင်း စစ်သည်တော်လေ့ကျင့်ရေးကို တာဝန်ယူထားရတဲ့ ဟောလ်က စစ်သည်ဝတ်ရုံကို ဝတ်ဆင်ရင်း အာခီရာကို မှာကြားနေလေသည်။

လူ ၇ ယောက်လောက် ကောင်းမွန်စွာအိပ်စက်နိုင်သည်အထိ ကျယ်ဝန်းသော အိပ်ယာထက်ဝယ် အာခီရာက ကုတင်းအစွန်းနားတွင် ကွေးကွေးလေးအိပ်နေပြီးတော့ ကလေးသုံးယောက်က ကုတင်ပေါ်ဝယ် တွားသွားရင်း ဆော့နေကြသည်။

အိပ်ချင်မူးတူးနဲ့ အာခီရာက ဟောလ်ပြောတာကို စိတ်ထဲ ရောက်တစ်ချက်မရောက်တစ်ချက်ဖြင့် ငိုက်မြည်းနေသည်။

ဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ပြီးတဲ့နောက် ဟောလ်က ငိုက်မြည်းနေတဲ့ အာခီရာကို ရေစိုအဝတ်ဖြင့် မျက်နှာသစ်ပေးရသည်။

"အေးတယ် ၊ မျက်နှာမသစ်ချင်ဘူး၊ နည်းနည်းထပ်အိပ်ဦးမယ် "

အာခီရာက မျက်နှာသစ်ပေးနေတာကို ရုန်းထွက်လိုက်ကာ ထပ်ပြီးတော့ အိပ်နေပြန်သည်။ ပန်းနုရောင် ညအိပ်ဝတ်စုံလေးနဲ့ အာခီရာက နတ်သူငယ်အသေးလေးလိုပင် နူးညံ့ကာနေလေသည်။

ဖြူဖွေးအိစက်နေသော ပိုးသားကုတင်ပေါ်ဝယ် အိပ်နေသည်က တကယ့်ကလေးလေးအတိုင်းပင် ဖြစ်သည်။ ။သူက ကလေးသုံးယောက်ရဲ့ မိခင် တစ်နည်း အဖေဖြစ်နေပေမဲ့ပေါ့။

ဇနီးလေးအိပ်နေမှတော့ ဟောလ်လည်း မနိုးဝံ့တော့ပေ။ ထိုအစား သူက အိပ်ပုတ်လေးကို ကုတင်အလယ်ရွှေ့ပေးလိုက်သည်။

ဟောလ်က အလုပ်မသွားခင် အာခီရာနှုတ်ခမ်းရဲရဲလေးကို အသံမြည်အောင်စုပ်လိုက်ပြီးတော့ သူက တို့ဖူးနွေးလို အိစက်နေတဲ့ ရင်သားတွေကိုလည်း ညှစ်ဖို့မမေ့ခဲ့ပေ။

စစ်သည်တော်က သူရဲ့ မာကြောကြမ်းတမ်းနေတဲ့ လက်ဖဝါးပြင်ကျယ်ကြီးနဲ့ ဇနီးသည်အသေးလေးရဲ့ ရင်ဘတ်ကို အားပါးတရညှစ်ပြီးတဲ့နောက် သူက တင်ပါးလုံးလုံးလေးတွေကို ထိတွေ့ဖို့ ညအိပ်ဝတ်ဘောင်းဘီရှာ်ထဲကို တိုးဝင်ကာ ညှစ်ချေလိုက်သည်။

Commander Nancy // ဝတ်ရုံလက်ပြတ် စစ်သူကြီးWhere stories live. Discover now