အပိုင်း- ၂၀

Start from the beginning
                                    

ဂုံနီအိတ်စုတ်လေးကိုခင်းလိုက်ရင်း လက်ထဲမှ ထီးအကြမ်းထည်များကိုပါ နေရာချလိုက်ပြီးမှ အိမ်ထဲသို့်ပြန်ဝင်လာကာ ဆေးခွက်များ၊ ဆေးဘူးများနှင့် စုတ်တံများယူလျှက် ပြန်ရောက်လာ၏။

အိမ်တွင် တစ်ယောက်တည်းဖြစ်နေသည်မို့ စိတ်ထဲအနည်းငယ်တော့ စိတ်ထဲပျင်းမိသား...

အရီမကလည်း အခုတလော သူ့ချစ်လင် ရဲကျော်အနားတွင်ကပ်၍ တီတီတာတာ ပြောမဝသေးသည်ထင်ပါ့။

လက်ထပ်ပွဲပြီးသည့်နေ့ကတည်းက အခုထိ အစိုးတို့အိမ်ဆီ ခြေဦးပင် လှည့်မလာလေတော့...

တမြန်နေ့ကတော့ ဇနီးမောင်နှံနှစ်ဖော် စက်ဘီးအသစ်တစ်စီးနှင့် လမ်းသလားနေသည်ကိုတွေ့မိသေးသည်သာ...

လင်တော်မောင့်စက်ဘီးနောက် ကျော့ကျော့ကလေးထိုင်ကာ ခါးကိုဖက်ရင်း မိုးမမြင်လေမမြင်နှင့် ပျော်မြူးနေပုံပင်...

ယုတ်စွအဆုံး လမ်းတစ်ဘက်မှာဈေးဝယ်နေသည့် ဒီကငယ်သူငယ်ချင်းအစိုးကိုပင် မြင်ပုံမရပါလေ...

နေနှင့်လေဦး အရီမစုတ်
လင်တော်မောင်နှင့် စကားကတောက်ကဆဖြစ်လေမှတော့ အစိုးရေဆိုပြီး ငိုမလာလေနှင့်
သည်ကဆီးကြို၍ ကြိမ်လုံးလက်ဆောင်ပေးပစ်လိုက်ဦးမည်။

အစိုးတစ်ယောက် ခပ်ချဉ်ချဉ်ကလေးတွေးလိုက်ကာ
ဂုံနီအိတ်ပေါ် အကျအနထိုင်ချရင်း ထီးအကြမ်းထည်များပေါ် ပန်းပွင့်ပန်းခက်ကနုတ်ပုံများကို စိတ်နှစ်ပြီး ရေးခြစ်နေလိုက်သည်။

တစ်ယောက်တည်းပန်းချီရေးရင်း စိတ်ကလည်းပျင်းရိပျင်းတွဲဖြစ်လာသည်မို့ သီချင်းတစ်ပုဒ်ကို အစိုးနှုတ်က ခပ်အေးအေးလေး ဆိုညည်းမိလျှက်သားဖြစ်သွားလေတော့သည်။

သီချင်းအမည်ကို အစိုးမသိပါ။
သို့သော် လက်တလော မြို့ပေါ်နေရာတိုင်းနီးပါး၌ ကြားနေရသည့် သီချင်းဖြစ်၍ အစိုးနားရည်ဝကာ သီချင်းအလိုက်ကို ရနေမိခြင်းပင်။

အစိုးသာမက အတော်များများ ပါးစပ်ဖျား၌ အဆိုတော် ဒေါ်မေရှင်၏ ဤသီချင်းက အတော်လေးခေတ်စားနေသည်မဟုတ်ပါလား။

" မောင်နဲ့လဲ ကျောင်းနေစဉ်
လွန်စွာပဲစိတ်ပျော်ရွှင်
အတူတူပဲ ကစားလို့နေစဉ်
ပျိုမမေ့ပေါင်ရှင်

အမောင် / အမောင်​ ( Completed )Where stories live. Discover now