သူကြီး ဖိုးသားရဲ့အမေ ဒေါ်သီတာနဲ့ စွမ်းထက်အမေ ဒေါ်အေးအေးလာနေတာမြင်တော့

"လာလာ ခင်ဗျားတို့သားတွေဘာလုပ်ထားလဲ လာကြည့်ကြ ဘယ်နှယ့် မနက်စောစောစီးစီး ကြက်ဝိုင်းထောင်ပြီး ရန်ဖြစ်ရတယ်လို့"

ဥက္ကာအမေနဲ့ လရိပ်အမေပါရောက်လာကြပြီး သူတို့သားတွေ ဘာဖြစ်လို့ရန်ဖြစ်တာလဲကို နား​ထောင်ပြီး စွမ်းထက်အ​မေက​တော့ ဖ်ိုးသားကို​ရော ​ဒေါ်သီတာကို​ရော မျက်​စောင်းတထိုးထိုး ဖြစ်​နေ၏။
​အေး​ပေါ့ ဖိုးသားက ဒဏ်ရာမရဘဲ သူ့သားက မျက်နှာတစ်ခုလုံးစုတ်ပြတ်​တာကိုး။

အဖြူ​ရောင် အရိပ်တစ်ခုက ခြံဝိုင်းထဲကို လွှားကနဲ​ရောက်လာပြီး ဖိုးသား​ရှေ့သွားကာ တစ်ကိုယ်လုံးကို ပတ်စစ်​ဆေး​နေသည်။
ဖိုးသူ့​ရှေ့​ရောက်လာတshirtလက်ရှည်အဖြူကို ပုဆိုးအပြာလေးနဲ့ တွဲဝတ်ထားပြီး နားကြပ်ကို လည်ပင်းမှာ ဆွဲကာ ဆံပင်ကိုဆီနဲ့ သေချာဖြီးထားတယ့် ဧကရာဇ်ကိုကြည့်ပြီး

"စစ်မနေနဲ့ မင်းသူငယ်ချင်းက ဒီ​လောက်က​တော့ မိုင်နာပဲ သူငယ်ချင်းတ​ယောက်လုံး ရန်ဖြစ်တာကို ငါ့ထက်ဘာကအ​ရေးကြီး​နေလို့ ​နောက်ကျ​နေတာလဲ ဒေါက်တာညဧကရာဇ်"

"ဟိုဘက်ရွာရောက်နေလို့ပါကွာ အဖျားကြီးနေတယ်ဆိုပြီး လာခေါ်လို့သွားကြည့်ပေးရင်း ပြန်လာတော့ မင်းသတင်းကြားလို့​ပြေးလာတာ"

ဖိုးသားမျက်နှာက နည်းနည်းလေးလျော့သွားပေမယ့်
"ဟိုဘက်ရွာမှာ ဆရာဝန်မရှိဘူးလား အားနေမင်းပဲလာခေါ်နေတာပဲ လူနာပြတာလား ​ခေါ်ငမ်းတာလားမသဲကွဲဘူး"

ဧကရာဇ်က သူ့အရပ်နဲ့အတူတူလောက်ရှိပြီး သူ့ထက်အသားဖြူကာ ရယ်လိုက်ရင် ယောကျ်ားလေးတွေတောင် ငေးရလောက်တယ့်အထိ ချောလေသည် သူငယ်ချင်း​တွေနဲ့သာခပ်တည်တည်​နေတာ သူ့လူနာ​တွေနဲ့ကျရင် ပြုံးပြီးစိတ်ရှည်လက်ရှည် ​နားလည်​အောင်​ပြောပြ​ပေးတာမလို့ ဆေးခန်းမှာ မိုးလင်းကတည်းကလူနာတွေ ပြည့်နေပြီး တစ်ခြားရွာတွေကပါ လာပြကြသည်။

အထူးသဖြင့် မရှိတယ့်ရောဂါကိုအကြောင်းပြကာ နွဲ့တယ့်တယ့်လေးတွေ ကပိုများလေသည်။ အဲ့လိုပဲ ​ကျောင်းတုန်းကလဲ ဧကရာဇ်ကို စာ​ပေးတယ့်သူ​တွေက မိန်းခ​လေးထက် ​ယောကျ်ား​လေးပိုများ​လေသည။် ဒါ​ပေမယ့် ဧကရာဇ်က​တော့ တစ်​ယောက်မှ အဖက်မလုပ်ပဲ သူတို့နဲ့သာ​နေသည်။ ရန်ပွဲဆိုတာလည်း မရှိ​။ ကြားထဲက ​နောက်ဆုံးနှစ်မှာ ဥက္ကာက ဧကရာဇ်ကို ချစ်​နေပြီဆိုပြီး သူနဲ့လရိပ်ကို ​ပြောလာတာမလို့ တစ်​ယောက်တစ်ချက်စီ ထိုးလိုက်တာ သုံးရက်​လောက် ဆန်ပြုတ်​သောက်လိုက်ရသည်။ ​နောက်​တော့မှ အ​ပျော်မဟုတ်ပဲ အတည်ဆိုတာ သိလာ​တော့မှ ​ဖြေး​ဖြေးချင်း ​လျော့ချလိုက်ကြတာ။ လရိပ်ဆိုတာ ဧကရာဇ်ရဲ့ 1မိနစ်ကြီးတယ့်အကိုပင်။

PhoeNyaWhere stories live. Discover now