အခန်း(၅၃)

Start from the beginning
                                    

နောက်ဆုံးအခိုက်အတန့်၌ သူမ၏ မျက်ဝန်းထဲမှ ကျဆင်းလာသော မျက်ရည်စီးကြောင်းကိုလည်း မှတ်မိနေဆဲပင်။ထိုအချိန်တုန်းက ဝမ်ရွှမ့်မျက်နှာထက်မှ အမူအရာသည် သူကို
ယ်တိုင်လည်း အတူလိုက်ငိုမိသည့်နှယ် ပြန်ခံစားရစေသည်။

သို့သော် သူ့မျက်လုံးကို လက်နှစ်ဖက်ဖြင့် တို့ထိကြည့်ရာ ၎င်းသည် စိတ်ထင်နေခြင်းသာဖြစ်ပြီး လက်တွေ့တွင်တော့ သူ ငိုမနေခဲ့ပါလေ။

ငိုချလုနီးပါးသာ.....။

ထို့နောက် ဝမ်ရွှမ်သည် ခေါင်းခါယမ်းရင်း အနောက်သို့ ကြောက်လန့်တကြား ပြန်ဆုတ်လိုက်သည်။

သူ ဆက်မငြင်းနိုင်တော့ပေ။မျှော်လင့်ချက်လည်း မရှိတော့သလို သူ့ကိုယ်သူလည်း မလိမညာချင်တော့။ရယ်စရာကောင်းသည်မှာ သူ သိပ်သိချင်ခဲ့သော သံမဏိပမာ ခိုင်မာသော အမှန်တရားသည် သူ့မျက်နှာပေါ်တွင်သာ ရှိနေခဲ့သည်။

ဆင်တူနေသော အသွင်အပြင်များမှာ သူနှင့် အမျိုးသမီးတစ္ဆေတို့၏.....မဟုတ်သေးဘူး။ယခုအချိန်မှတော့ ငြင်း၍ မရတော့ချေ။ထိုအမျိုးသမီးသည် သူ့မိခင်ဖြစ်နေ၏။မွေးဖွားပြီးကတည်းက တစ်သက်တွင် တစ်ခါသာ တွေ့ခွင့်ရခဲ့သော မွေးမိခင်။

ဝမ်ရွှမ်သည် ထောင့်တစ်နေရာတွင် ဒူးထော
က်လျက်သား ခွေကျသွားပြီး ကိုယ်ကိုကျုံ့၍ ဘောလုံးပမာ ခွေနေလိုက်သည်။ပခုံးနှစ်ဖက်
ကတော့ အထိန်းအကွပ်မဲ့စွာ တုန်ယင်နေလျ
က်။

ဤအချိန်တွင် သူ့ကိုယ်သူ စိတ်ငြိမ်အောင် ကြိုးစားရင်း အတွေးများကို စုစည်းထားလိုသော်လည်း သူ မလုပ်နိုင်ခဲ့။၎င်းသည် သူ့ခေါ
င်းထဲတွင် ဝဲပျံနေသော ပိုးဖလံများပမာ တဝီဝီ မြည်တမ်းနေခြင်းကြောင့် ဘယ်လိုမှ စိတ်ငြိမ်ငြိမ်မထားနိုင်တော့ချေ။

ထပ်မံ ငြင်းဆန်နေရန် အခွင့်အရေး မရှိဘဲ သ
ည်အတိုင်း လက်ခံယုံသာ ကျန်တော့သည်။သူသည် မိခင်ဖြစ်သူက မကောင်းမှုမျိုးကို အတိုင်းအဆမဲ့ ကျူးလွန်ခဲ့သော ကောင်းကင်
ဘုံနတ်မိစ္ဆာ၏ အတင်းအကျပ် ချုပ်ကိုင်မှုတို့အောက် မွေးဖွားပေးခဲ့သော မိစ္ဆာသန္ဓေသား ဖြစ်နေခဲ့သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now