အခန်း(၅၃)

Start from the beginning
                                    

ဝမ်ရွှမ်သည် သူ့ကိုယ်သူလည်း မသိတော့သ
လို သူခံစားနေရသော စိတ်အခြေအနေကိုလည်း မပြောပြတတ်တော့ချေ။

ဂူထဲမှ လေအေးများသည် နံရံကို ရိုက်ခတ်ပြီး
ကြမ်းပြင်ပေါ်၌ ရေအိုင်ငယ်များ ဖြစ်ပေါ်စေ
၏။

ဝမ်ရွှမ်သည် အိုင်ငယ် တစ်ခုရှေ့သို့ လျှောက်လာပြီး ကိိုယ်ကို ကိုင်း၍ ကြည့်လိုက်သည်။ရေပြင်ပေါ်တွင် သူ့ပုံရိပ်က ပြတ်သားစွာ ထင်
ဟပ်နေခဲ့သည်။ဘာကို ရှာဖွေနေမိမှန်းလည်းမသိ၊ရေအိုင်ငယ်ကိုသာ သတိလက်လွတ် ငေးစိုက်ကြည့်နေမိသည်။

ထို့နောက် ကိုယ်ကို ပြန်မတ်ပြီး ဂူထဲ၌ ပတ်လျှောက်လိုက်ပြန်သည်။ကောင်းကင်ဘုံနတ်
မိစ္ဆာ၏ ဦးချိုကို သူကိုယ်တိုင် ထုတ်ယူခဲ့သည့် တွင်းကိုလည်း ပြန်ကြည့်ခဲ့သလို တစ္ဆေအမျိုးသမီးကို နားချခဲ့သော နေရာကိုလည်း ပြန်လျှောက်ခဲ့သည်။

ထို့နောက် ဂူအစွန်သို့ ဆက်လျှောက်ပြီး ညိုရင့်နေသော ကျောက်နံရံကို လက်ဖြင့် ထိတွေ့လိုက်သည်။

သွေးတွေဘယ်လောက်တောင်စွန်းပေနေခဲ့လိုက်မလဲ....

နောက်ဆုံးတွင် ရေအိုင်ငယ်ရှေ့သို့ နောက်တ
စ်ကြိမ် ရပ်ပြီး ရေပြင်ပေါ်မှ သူ့ပုံရိပ်ကို ကြည့်လိုက်ပြန်သည်။

ဝမ်ရွှမ်သည် နောက်ဆုံးတွင် သူဘာကို မြင်ရန်ကြိုးစားနေမှန်း သူ့ကိုယ်သူ နားလည်သွားခဲ့သည်။

သူသည် အလွန် အကျွမ်းတဝင်ရှိလှသော မျ
က်နှာသွင်ပြင်တိုင်းကို ကြည့်ရင်း သူ့မျက်နှာကို ပြန်ကြည့်နေခြင်းသာ။

သူ့မျက်နှာကို ကြည့်နေရင်း သူနှင့် တွေ့ဆုံခဲ့သော အမျိုးသမီးတစ္ဆေကို ပြန်သတိရသွားသလို တစ်ဖက်လူ၏ မျက်နှာပေါ်မှ အမူအရာဖြင့် အပြောင်းအလဲတိုင်းကိုလည်း ပြန်မြင်ယောင်မိခဲ့သည်။တဖြည်းဖြည်းချင်း သူတို့နှစ်ဦး၏ မျက်နှာတို့သည် ထပ်တူကျလာခဲ့သ
ည်။

သူတို့ နှစ်ဦးတွင် မတူညီသော အသွင်အပြင်များလည်း ရှိနေပါသေး၏။သို့သော် သူကြည့်လေလေ မျက်ဝန်းထောင့်များ၊မျက်ခုံးစွန်းများနှင့် တစ်ချက်ကြည့်ယုံဖြင့် မသိသာသော နေရာများသည် ယခုတွင်တော့ ငြင်းဆန်၍ မရအောင်ကို သူတို့နှစ်ဦးလုံးတွင် တူညီလာလေလေဖြစ်သည်။

တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Completed]Where stories live. Discover now