Love Is Coffee -16

Start from the beginning
                                    

" Latteမဟုတ်ပဲ ပြောင်းလို့ရမလား... "

" ရတယ်.. ဘာသောက်ချင်လဲ... "

ပြန်ပြောင်းပြောလိုက်လို့ တမျိုးဖြစ်သွားမလားတွေးမိသွားသည်။ သူက တချက်ပြုံးပြလာ‌တာမို့ စိတ်သက်သာရာရသွား၏။

" Flat White... "

ခေါင်းညိတ်ရင်း ဝန်ထမ်းတယောက်ရဲ့ လမ်းညွှန်ပေးမှုအတိုင်း ကော်ဖီစဖျော်သည်။

ကော်ဖီဖျော်ရာမှာ အရေးကြီးဆုံးက ကော်ဖီစေ့မဟုတ်ပဲ စွမ်းရည်လင်းသာ အရေးကြီးဆုံးဖြစ်ကြောင်း မျက်မြင်ကိုယ်တွေ့ ကြုံတွေ့နေရတဲ့ အခိုက်အတန့်။

ကော်ဖီဖျော်ခြင်းအနုပညာကို မက်မောစွာနဲ့ မျက်တောင်မခတ်တမ်း ငေးမောကြည့်နေမိတာ မျက်စိရှေ့ကို မွှေးပျံ့တဲ့ ကော်ဖီတခွက် ရောက်ရှိလာတဲ့အထိ။

" Egg Tartစားမလား... "

" ဟုတ်... "

" ဒီဆိုင်က ကျနော့်သူငယ်ချင်းရဲ့ညီမရဲ့ အစ်မဆိုင်လေ.. ပြီးတော့ ကျနော့်ယောက်ဖရဲ့အစ်မဆိုင်ဆိုလည်း ဟုတ်တယ်... "

ထိုင်ခုံဆီဦးတည်နေတဲ့ သိပ်မဝေးတဲ့လမ်းတလျှောက်မှာ ‌ပြောလာသည်။ ဆွေမျိုးမစပ်နိုင်သေးပဲ ဦးနှောက်က နည်းနည်းတော့ ထူပူနေရသည်။

လက်မအားတာကြောင့် ဖြစ်မည်ထင်သည်။ ထိုင်မယ့်ထိုင်ခုံကို ဆွဲပေးတာတော့ သူမလုပ်ပါ။ ဒါမျိုးတွေ လိုအပ်လည်း မလိုအပ်။

ဒါပေမယ့် သူမအရင်ထိုင်ပြီးမှ မျက်နှာချင်းဆိုင်မှာ သူ၀င်ထိုင်သည်။

စားပွဲပေါ်မှာ သူသောက်လက်စ Iced Teaတခွက်၊ Laptopတလုံးနဲ့ စာရွက်စာတမ်းတွေ ရှုပ်ပွနေ၏။ ဒါဟာပဲ သိပ်ကိုကြည့်လို့ကောင်းတဲ့ ရှုမြင်ကွင်းဖြစ်နေတာမို့ ဓာတ်ပုံရိုက်ထားဖို့ စိတ်ကူးလိုက်သည်။

" ဆောရီး.. မင်းရောက်မလာခင်ထဲက ရှင်းလင်းထားရမှာကို... "

ကော်ဖီပန်းကန်နဲ့ Egg Tartပန်းကန်ကို လွတ်နေတဲ့နေရာမှာ ချလိုက်ပြီး စားပွဲကို ရှင်းလင်းဖို့ စာရွက်တွေ စီနေသည်။ ဓာတ်ပုံရိုက်ချင်နေတာ တခုပဲ သိတော့တာမို့ အလျင်အမြန်ပဲ တားမြစ်မိသွားသည်။

ICY : Sugar Free Ice Cream Where stories live. Discover now