Chapter (77)

Depuis le début
                                    

ရှန်းချိုက်က ဆက်ပြောပြသည်။ "ဒါပေမယ့် နမ်းပြီးသွားတော့ သူက ဘာမှပြန်မပြောဘဲ သူ့အခန်းထဲပြန်ဝင်သွားတယ်လေ"

ချန်ဇီရန် ပြန်ထထိုင်လိုက်ပြီး "F*ck!! အဲ့ဒီ့လို လူယုတ်မာကောင်လား!! နမ်းပြီးတော့ ဘာမှဆက်မပြောဘူးပေါ့ ဟုတ်လား!? ပရောပရည်လုပ်ဖို့ပဲ တတ်တယ်ပေါ့!! လူရောဟုတ်ရဲ့လား!?"

"မဟုတ်ဘူး၊ မဟုတ်ဘူး.. ငါ့မှာ အပြစ်ရှိတာပါ" ရှန်းချိုက်သည် သူ့ဘေးနားရှိမီးအိမ်လေးကိုပိတ်လိုက်ပြီး သူ၏ နီမြန်းနေသောပါးပြင်များကို  လမင်း၏အလင်းရောင်ဆီမှဖုံးကွယ်ရန် စောင်ခြုံထဲသို့ ဝင်တိုးလိုက်၏။ “အဲ့ဒီ့အချိန်တုန်းက တော်တော်လေးတော့ အဆင်ပြေနေတာ၊ သူ့လက်တွေလည်း ငါ့အဝတ်အစားတွေဆီရောက်ရော ငါကြောက်ပြီးတစ်ကိုယ်လုံးတောင့်တင်းသွားလို့...  ဘယ်လိုပြောရမလဲ၊ အဲ့တုန်းက သူငါ့ကိုကြည့်တဲ့မျက်လုံးတွေက အရမ်းရှုပ်ထွေးနေတာ... နောက်တော့ တိုးတိုးလေးတောင်းပန်ပြီး ငါ့အဝတ်အစားတွေလည်းပြန်ဝတ်ပေးပြီးရော ထွက်သွားတော့တာပဲ"

ချန်ဇီရန်မှာ သက်ပြင်းရှည်ကြီးချလိုက်ပြီး  ပြန်လှဲအိပ်လိုက်သည်။ "ဟူး... ငါ ဘာလုပ်နေရတာလဲနော်?? မနက်နှစ်နာရီမှာ သူ့အိမ်ရှင်ရောသူရော ဂေးဖြစ်သွားတဲ့ဇာတ်လမ်းကို ငါဘာလို့ နားထောင်နေရတာလဲ??"

ချန်ဇီရန်က ထပ်မေးသည်။ "မင်းအိမ်မပြောင်းခင်တုန်းကရော မင်းအိမ်ရှင်ကဂေးဆိုတာ သိလား??ဒါနဲ့ မင်းအိမ်ငှားခက အရမ်းစျေးသက်သာတယ်လို့  မင်းပြောဖူးတယ်မှတ်လား?? အဲ့ဒီ့တုန်းက ဒီလိုအကြံဥာဏ်နဲ့ အိမ်ငှားခကို လျှော့ထားတာလားမသိ"

"သူက ဒီလိုလူမဟုတ်ဘူး!!" ရှန်းချိုက်က ချက်ချင်းရှင်းပြသည်။ ထိုအမျိုးသားအကြောင်း သူတစ်ပါးကမကောင်းပြောသည်ကို သူ နားမထောင်နိုင်ပေ။ "ငါ သူနဲ့သိတာကြာပြီဆိုပေမယ့် သူလည်း ယောက်ျားတွေကိုသဘောကျတယ်ဆိုတာတော့ တစ်ခါမှမသိခဲ့ဘူး။ ငါတို့ အတူတူနေတဲ့အချိန်တွေမှာလည်း သူက ငါ့ကို အရမ်းဂရုစိုက်ပေးတယ်၊ ဒါကြောင့် သူက ငါ့ကိုကြိုက်နေနိုင်တယ်ဆိုတာတော့ ငါ သတိထားမိတယ်... ဒါပေမယ့် ငါ မယုံနိုင်ခဲ့ဘူးလေ၊ ငါတစ်ယောက်တည်း အရမ်းစဥ်းစားနေတာလို့ ထင်နေခဲ့တာ... ဒါပေမယ့် အခုတော့..."

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Où les histoires vivent. Découvrez maintenant