After Falling In Love-10(Unicode)

Start from the beginning
                                    

နောက် ငပလီ၊ချောင်းသာသွားကြမည့်အုပ်စုနှင့်ချိတ်တော့လည်း ပင်လယ်ဘက်မို့ ပို၍စိတ်မချဆိုသဖြင့် မလိုက်ရပြန်။

ကျိုက်ထီးရိုးကျတော့လည်း လူရှုပ်လို့တဲ့။ လူတွေအများကြီးနှင့် ကြပ်ကြပ်တည်းတည်းမို့ ပိုစိုးရိမ်တယ်တဲ့။

နောက်ဆုံး လင်းထက် နှစ်ရက်လောက် မခေါ်မပြော ဆန္ဒပြလိုက်တော့မှပဲ တစ်ညအိပ်နှစ်ရက် ပုဂံခရီးတိုကို ထိုလူကြီးက သူကိုယ်တိုင်လိုက်ပို့တော့တာ။

ဝေဝေနှင့်ကောင်းကောင်းမှာလည်း တောင်တက်အဖွဲ့နှင့်လိုက်ချင်ကြပေမဲ့ လင်းထက်မလိုက်ရ၍ သူတို့လည်း မလိုက်ရရှာပဲ ပုဂံခရီးတိုနှင့်သာ ကျေနပ်ပြီးလိုက်လာကြရသည်။ တခြား ဟိုခရီးစဥ်တွေ၌ ရက်ရှည်မို့ အိမ်မပိုင်၍မလိုက်ကြရသည့် အတန်းဖော် သူငယ်ချင်းအချို့ကလည်း ခရီးဖြစ်လျှင်ပြီးရောဆိုပြီး လင်းထက်တို့နှင့်လိုက်လာသေးသည်။

ထိုလူကြီးက ဆေးရုံမှ နှစ်ရက်ခွင့်ယူရပြီး အစ်မမေသဇင်ကတော့ ဂျူတီပိတ်ရက်နှင့်တိုက်နေသဖြင့်လိုက်လာသည်။ ထို့ပြင် ကောင်းကောင်းကနေတဆင့်ချိတ်မိသွားသည့် ကိုထိုက်စံပါ ပါသေးသည်။ ဟိုစုသည်စုနှင့် လူများများလေးရလာတော့ နောက်ဆုံး ကားစင်းလုံးပြတ်ငှား၍ ထွက်ခဲ့ကြခြင်းဖြစ်သည်။

"ကိုယ်ပြောပြီးပြီလေ၊ ဘာလို့မလိုက်ခိုင်းလဲဆိုတာ၊ နောက်ပြီး အခု အဲအစား ပုဂံကို လိုက်ပို့နေတယ်လေ"

"ပုဂံက ကျွန်တော် ခဏခဏရောက်ဖူးနေတာကို"

"ရောက်ဖူးတိုင်း နောက်တစ်ခေါက်မသွားရတော့ဘူးလား"

လင်းထက်က ဘာမှမတုံ့ပြန်ဘဲ ဆူပုပ်ပုပ်။ ခရီးစထွက်လာသည့်​အာရုံတက်ကတည်းက ထိုကိစ္စကို သတိရရင်ရသလို လင်းထက်နောင်ကရစ်နေဆဲပင်။ ရစ်တိုင်းရှင်းရသည့် ထိုလူကြီးကလည်း ကြာတော့ စိတ်အချဥ်ပေါက်လာသည်ထင်။

"က​ဲ ့အခုက မသွားချင်ဘူးလား၊ အာ့ဆိုလည်း ပြန်မလား၊ ကားပြန်လှည့်ခိုင်းလိုက်မယ်"

ခပ်ရွဲ့ရွဲ့စကားကြောင့် ဆူပုပ်နေသော လင်းထက်၏မျက်နှာမှာ မဲ့ခနဲ။ ဒါကိုမြင်တော့ ထိုလူကြီးက ပို၍စသည်။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Where stories live. Discover now