💢 Part - 16 💢

Start from the beginning
                                    

" ဟုတ်ပါ့ကွာ ချစ်စရာလေးတွေ "

" အင်း ချစ်စရာကောင်းပါတယ် ။ဒါပေမဲ့ ကိုယ့်ရဲ့ယုန်ကလေးလောက်တော့ ချစ်စရာမကောင်းဘူး "

" မေးလို့လား ။အဲ့ဒီဘက်နဲ့ မခေါ်ဘူးနော် ။စကားဝင်မပြောနဲ့ ဟွန့် "

( Adagio Fic ရေးတဲ့ ကျယ်ကျဲအား လေးစားစွာ Crd ပေးပါတယ်ရှင့်။ကျယ်ကျဲသုံးထားတဲ့ အဲ့ဒီဘက် ဆိုတဲ့စကားလေးသဘောကျလို့ ထည့်ရေးမိပါတယ် 😍😍 )

" အေး ဟုတ်တယ် တို့လည်း အဲ့ဒီဘက်နဲ့ မခေါ်ဘူးနော် "

" ဟုတ်တယ် ပါပါးပြောလိုက် "

" ဟာ ပါးနဲ့ကလေးက စကားတောင်မပြောချင်ကြတော့ဘူးလား ။မားကရော "

" မားလည်း အဲ့ဒီဘက်နဲ့ မခေါ်ပါဘူး "

" ဟာ "

ဝမ်ရိပေါ်ရဲ့အူကြောင်ကြောင်နိုင်နေပုံကြီးကို မိဘတွေနဲ့ရှောင်းကျန့်က နုတ်ခမ်းမဲ့ရွဲ့ကာဖြင့်မခေါ်ချင်ကြောင်းပြသနေကြသည်။ရှောင်းကျန့်လေးစိတ်တိုင်းကျ ပါးနဲ့မားကလိုက်ပြီးအတိုင်ဖောက်ညီနေတော့ ခက်သား။ယွီပင်းကတော့ ရိပေါ်ဘက်ပါသလိုလို ၊မပါသလိုလိုနဲ့ နော​က်ဘက်ကနေ ပြုံးစိစိလုပ်နေပြန်တယ်။

" ရတယ်လေ မခေါ်ကြနဲ့ပေါ့ "

ရိပေါ်ကလည်း ဘယ်ရမလည်းမိဘတွေနဲ့ချစ်ရသူလေးကို ပြန်ကောက်လိုက်တာပေါ့။ခုဆိုရင် ရှောင်းကျန့်နဲ့ပါးနဲ့မားဟာ မျက်စိရှေ့မှာမြင်တွေ့နေရတဲ့ အကောင်ပလောင်မျိူးစုံကိုကြည့်ပြီးလက်ငြိုးတစ်ထိုးထိုးနဲ့တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်။ဥယာဥ်ရဲ့အတွင်းပိုင်းကို ရောက်လာလေလေ တွေ့မြင်နေရတဲ့အကောင်တွေက ပိုကြီးလာလေလေဖြစ်နေသည်။ရှောင်းကျန့်လေးက ထိုအကောင်တွေကြောင့် ကျောတွေစိမ့်လာပေမဲ့ ရိပေါ်ကတော့မသိချင်ယောင်ဆောင်ထားပါတယ်။

" ဂီးးးး ဂရား.....ဝေါင်း...."

" ဟင့် ပါးနဲ့မား အသံကြီးတွေက ကျောချမ်းစရာကြီးတွေနော် "

" ဟုတ်တယ် သား။အကောင်အကြီးကြီးတွေလေ။ပြီးတော့သူတို့ကို ဒီတိုင်းလွှတ်ထားတာကွ "

💢🔞 ကို 🔞💢 COMPLETEDWhere stories live. Discover now