အခန်း၇/သက်မဲ့နှလုံးသား

Start bij het begin
                                    

ဝေ့လျန်၏ ခန္ဓာကိုယ်သည် သူ့အလိုလို နိုး
ကြားစိတ်ဖြင့် တောင့်တင်းလာပြီး အသက်ရှုခက်လာခဲ့သည်။

သူ့ကို ထိတွေ့နေသော လက်အစုံသည် သိမ်
မွေ့ညင်သာပြီး အကြင်သူကို ချစ်ခြင်းမေတ္တာဖြင့် သက်သေထူနေဟန်။

သို့သော် ထိုအတွေးသည် လည်တိုင်သွယ်သွ
ယ်သို့လက်လျှောမကျလာခင်အထိ။သိပ်မကြာမီတွင် ရှည်သွယ်သွယ် လက်ငါးချောင်းက လည်တိုင်ကို ကြမ်းကြမ်းတမ်းတမ်း ဖမ်းညှစ်လာခဲ့သည်။

......ဒါက မင်းပြောတဲ့ တစ်စုံတစ်ယောက်ရဲ့ လက်ထဲမှာ ဆုပ်ကိုင်ခံထားသင့်တယ်ဆိုတာမျိုးလား?

သာမန်လူတစ်ယောက်အနေနှင့် ခံနိုင်ရည် မရှိလောက်သော အနေအထားမျိုး။

"အ့!"

ဝေ့လျန်သည် ကျီယွယ့်၏ လက်တစ်ဖက်ဖြင့် ခပ်ကြမ်းကြမ်း လည်ပင်းညှစ်ခံလိုက်ရချိန်တွင် မသဲမကွဲ ညည်းသံပြုလိုက်ရန်သာ တ
တ်နိုင်ခဲ့သည်။

ထိုအခိုက်တွင် ဝေ့လျန်သည် ကျီယွယ့်ကို ပြန်ခုခံရန် နည်းလမ်း သုံးသွယ်လောက်အထိ စဥ်းစားပြီးသားဖြစ်၏။

သို့သော် သိုင်းပညာကို ဆက်လက်ဖုံးကွယ်ထားရန် နည်းလမ်းတစ်ခုကိုမျှ ထုတ်မသုံးလို
က်ပါဘဲ ယခင်အတိုင်း ဟန်ဆောင်နေလိုက်သည်။

ချင်ဧကရာဇ်ကို လည်ပင်းညှစ်ခွင့်ပြုလျက်။

သူသည် ကြက်တစ်ကောင်ကို ဖမ်းရန်ပင် ခွန်
အား မရှိသော သခင်လေးလျန်ဖြစ်ပြီး ပြိုင်
ဘက်ကင်း သိုင်းပညာ အကျော်အမော် ဝေ့လျန် မဟုတ်ပေ။

ဤအချက်ကို သူ့စိတ်တွင် အမြဲတမ်း နှလုံး
သွင်းထား၏။

ချင်ဧကရာဇ်သည် တစ်ဖက်လူ၏ နှုတ်ခမ်းဖျားမှ ထွက်လာသည့် စကားတစ်လုံးကိုမျှ
မယုံကြည်တတ်လောက်သည်အထိ အလွန် သတိရှိသူဖြစ်သည်။သို့ဖြစ်ရာ ဤနည်းဖြင့် ချင်ဧကရာဇ်၏ သံသယများကို ပြေပျောက်အောင် ဆေးချပစ်ရမည်။

ဝေ့လျန်သည် ဖြစ်ပျက်နေသမျှကို အတွင်းစိတ်ထဲ၌ ကွဲကွဲပြားပြား ပိုင်းခြားနိုင်သည်အ
ထိ ကြည်လင်နေသော်လည်း အပြင်ပန်းတွင်မူ သူ့မျက်နှာ၌ သွေးရောင်တောင် မရှိတော့ချေ။

ထိမ်း​​မြားပဏ္ဏာအင်ပါယာWaar verhalen tot leven komen. Ontdek het nu