ထန်ယီမင်သည် ဖန်ဖန်းကိုပွေ့ချီလိုက်ပြီး ကုလျန်တို့လင်မယားနှစ်ယောက်နှင့်အတူ ကားရပ်နားထားရာနေရာသို့ လူအုပ်ကြားထဲမှ ဖြတ်လျှောက်သွားခဲ့သည်။

ကုလျန်က သူ့ကို ပုခုံးနှင့်တွန်းတိုက်ပစ်လိုက်ပြီး "ခေါင်းဆောင်... မင်းရဲ့နွေဦးလေပြေလေးကို ငါမြင်ပြီးပြီထင်တယ်နော်၊ သိပ်မကြာခင် သတင်းကောင်းလေးတွေ ကြားရတော့မယ်မှတ်လား??"

ကန့်လန့်ကာဖွင့်ချိန်မှစ၍ ကန့်ကန့်ကာချချိန်တိုင်အောင် ထန်ယီမင်၏မျက်လုံးများသည်  ဇာတ်ခုံပေါ်မှမင်းသားအပေါ်တွင်သာ မပြောင်းမလဲရှိနေ၏။ ကန့်လန့်ကာချချိန်တွင်လည်း ထန်ယီမင်သည် သူ့လက်ကိုင်ဖုန်းကိုတကိုင်ကိုင်ဖြင့် ရှန်းချိုက်၏လှုပ်ရှားမှုတိုင်းကို မှတ်တမ်းတင်ထားခဲ့သေးသည်။

ကုလျန်က မျက်လုံးကန်းနေခြင်းမဟုတ်သည့်အတွက် သူ့သူငယ်ချင်းဟောင်းကြီး၏ လိင်စိတ်ခံယူချက်ကို ဟိုးအရင်ကတည်းက သိခဲ့ခြင်းဖြစ်သည်။ ယခုလတ်တလော ပုံမှန်မဟုတ်သည့်  အပြုအမူများကိုတွေးတောရင်း ကုလျန်သည် ထန်ယီမင့်အတွေးထဲ၌ ဘာတွေဖြစ်နေကြောင်းကို  သဘာဝကျကျခန့်မှန်းမိခဲ့သည်။

ထန်ယီမင်က သူ့ကိုယ်သူ ခေါင်းခါလိုက်ပြီး "ဘာတွေသတင်းကောင်းဆိုပြီးပြောနေတာလဲ?? မင်း အရမ်းတွေးနေပြီ... သူက ငါ့အိမ်ငှားပဲ"

ယဲ့ယဲ့၏မျက်လုံးများကလည်း ဘလင်းဘလင်းဖြစ်နေကာ "ဪ?? ဒါဆို ပထမဆုံး အတူတူနေကြမယ်၊ ပြီးတော့မှ ချစ်ကြမယ်ပေါ့လေ!"

ထန်ယီမင် : "... ဒီမှာ ကလေးတစ်ယောက်ရှိနေသေးတယ်နော်"

ဖန်ဖန်းသည် ချက်ချင်းပင် သူ့နားရွက်သေးသေးလေးများကို ဖုံးအုပ်လိုက်ပြီး မျက်တောင်လေးတခတ်ခတ်ဖြင့် သူ့ကို စိတ်အားထက်သန်စွာ စိုက်ကြည့်နေလေသည်။

ဖန်ဖန်းက အသံတိုးတိုးလေးနှင့်မေးသည်။  "ဦးဦးခေါင်းဆောင်က ရှန်းချိုက်ကောကောကို ချစ်မိသွားတာလား??"

"မင်း အသက်က ဘယ်လောက်ရှိသေးလို့လဲ?? ချစ်မိသွားတာတွေ ဘာတွေမေးနေရအောင်" ထန်ယီမင်က ဆက်ပြောကာ ငြင်းဆို၏။ "ပြီးတော့ မင်းရဲ့ရှန်းချိုက်ကောကောမှာ ချစ်သူရှိတယ်"

Cāi Cāi || ချိုက်ချိုက် || [ မြန်မာဘာသာပြန်] (Completed)Where stories live. Discover now