Ep - 7 { အခိုးခံလိုက်ရတဲ့လက်နက် }

414 63 7
                                    

ခန့်မှန်းမရတဲ့မျက်ဝန်းတစ်စုံကို Mingyuနင့်နင့်နဲနဲစိုက်ကြည့်နေမိနေသည်။

နူးညံ့တယ်ထင်ရသလို တချိန်တည်းမှာပဲ ခန္ဓာကိုယ်ကို ထိုးဖောက်သွားမတက် အန္တရာယ်များလှပင်မဲ့ ထိုမျက်ဝန်းလေးက သူ့အားညို့ယူထားသလို အကြည့်လွှဲမရပေ။

နယ်ကျွံချင်နေတဲ့ သူ့ရဲ့ခံစားချက်တွေကို Seokminရဲ့အသံကျယ်ကြီးက အချိန်မီတားဆီးနိုင်လိုက်လေသည်။

လေနတ်ဘုရားရဲ ရုတ်တရပ်ဆန်စွာ ရောက်လာခြင်းအပေါ် အနည်းငယ်တော့အံ့သြမိသွားသည်။

" ကောင်းကင်နန်းတော်ရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်ရဲတဲ့အထိ အရမ်းတွေရဲတင်းနေတယ်ပေါ့ "

လေနတ်ဘုရားက ခွင်းပျံလေဟုန်ကို ဖြန့်ကာလင်းယုန်ပေါ်မှဆင်းလာသည်။ သူ့ရဲ့စကားကခက်ထန်သော်လည်း လေသံကတော့ ရင်းနှီးမှုရှိလှသည်။

ဝတ်ရုံနတ်နဲ့လူကလည်း ဖော်ရွေစွာပြုံးပြလာပြီး Mingyuရဲ့လက်မောင်းကို လက်လေးနှစ်ဖက်နဲ့ဆုပ်ကိုင်ကာ အနားကပ်လာသည်။

" ငါ့ကို ဒီစစ်နတ်ဘုရားလေးက ခေါ်ထုတ်လာတာ ဘယ်လိုလုပ်ဒီလိုကြီးစွပ်စွဲလာရတာလဲ "

ဟေ့! ဘယ်သူကမင်းကိုခေါ်လာလို့လဲ!!

" ဟွန့်...စစ်နတ်ဘုရားKimက မင်းရဲ့လှည့်ဖျားမှုတွေထဲကျသွားလို့ပဲဖြစ်မယ်...မင်းကကိုယ့်အပြစ်ကိုမမြင်ဘူးလား "

" ဒါကြီးကတစ်ဖက်သတ်စွပ်စွဲခံရတာပါနော်...ဘယ်လိုလုပ်ဒီလောက်ရက်စက်နိုင်ရတာလဲJihoonie "

အလွန်တရာရင်းနှီးနေဟန်ရသော အခေါ်အဝေါ်ကြောင့်Mingyuသူ့လက်မောင်းကို ဖက်တွယ်ထားတဲ့သူအား မျက်မှောင်ကြုတ်ကာကြည့်လိုက်မိသည်။

သို့သော်ထိုသူကတော့ လေနတ်ဘုရားကိုသာ အလွန်တရာဖော်ရွေသောအပြုံးလေးနဲ့ကြည့်နေလေသည်။

Mingyuစိတ်ထဲအလွန်တရာမှနောက်ကျိသွားသည်။

" ဘယ်သူကမင်းကိုရင်းရင်းနှီးနှီးတွေခေါ်လို့ရတယ်လို့ပြောလို့လဲ!! "

လေနတ်ဘုရားရဲ့ အော်သံကြောင့် ထိုသူကသက်ပြင်းဖွဖွချကာ သူ့ရဲ့ကျားကိုလှည့်ပြောလေသည်။

The Greatest yet The Most PainfulOpowieści tętniące życiem. Odkryj je teraz