Part 1 Unicode

133 6 0
                                        

"သား....မနက်စာသွားအုံးလေ"

အိမ်ပေါ်ထပ်မှ ဆင်းလာကာ
မနက်စာကိုမစားပဲ ကျောင်းသွားဖို့ပြင်နေပါသော
သားဖြစ်သူ သက်ထက်မကမောင် ကို
မနက်စာစားသွားဖို့လှမ်းပြောနေသော
ဒေါ်သဒ္ဒါဖြူ ကိုကြည့်ရင်း
ဦးနန္ဒမောင် ခေါင်းခါမိသည်။
သားဖြစ်သူက ထင်ရာစိုင်း သူလုပ်ချင်တာလုပ် မိဘတွေဖြစ်တဲ့ကိုယ်တွေကိုဖတ်စာထဲ
ကို မထည့်တာ အမေဖြစ်သူကသဲသဲကဲကဲ
သားတစ်ယောက်မွေးထားလို့သာပေါ့
ဆယ်ယောက်သာမွေးထားလို့ကတော့
စိတ်ညစ်လွန်းလို့ ရူးလောက်တယ်။
ဝတ်ပုံစားပုံကအချိုးမပြေ
လမ်းသရဲလိုလိုဘာလို့လို
ဘာပုံမှန်းကိုမသိတာ။
စားနေတဲ့မနက်စာတောင်
စားချင်စိတ်ပျောက်တယ်
အခုလဲကြည့် အမေဖြစ်သူက
သူ့သားကို စားဖို့အတွန်တွန်ခေါ်
ဟိုကမစားချင်ဘူးပြောနေတယ်ထင်
ကိုယ်မပါရင်ပြီးမှာမဟုတ်တော့ဘူး

"သက်ထက်မကမောင်.....
မင်းအမေက မင်းအတွက်မနက်ပြင်ထားတယ်
စားပြီးမှ ကျောင်းသွား"

"မစားတော့ဘူး...ကျောင်းရောက်မှပဲစားလိုက်မယ်"

"စားသွားပါ သားရယ် နော်
သားကလိမ်မာပါတယ်"

"ဟိတ်ကောင်....စားပြီးမှပဲသွား...
မစားပဲသွားရင် ဒီလမုန့်ဖိုးအဖြတ်ပဲ"

"ဒယ်ဒီတို့ကလုပ်ပီဗျာ...."

ဟွန်း!
ဦးနန္ဒမောင် သားဖြစ်သူကိုကြည့်ပြီး
ဟွန်းကနဲ မဲ့ပြစ်လိုက်သည်
ဒီကောင် ကိုယ့်အတွက်ကြသိတတ်တယ်
မုန့်ဖိုးဖြတ်မယ်ဆိုတော့
စားပွဲနားတန်းရောက်လာရော
သူ့အမေလို ချော့မော့ပြောရင်
ဒီကောင် ဘယ်တော့မှရမှာမဟုတ်ပါ။

ချစ်သောမောင် မုန်းဖိုးအဖြတ်ခံရမည်ဆိုးသောကြောင့်
မနက်စာစားဖို့ ကံပါလာတော့သည်
စားသာစားနေရတာစိတ်ကတော့ သူငယ်ချင်းသုံးကောင်ဆီရောက်
နေသည်
ဘာလို့လဲဆိုတော့ ဒီနေ့ကျောင်းမသွားခင်ချိန်းပွဲရှိတဲ့အတွက်ကြောင့်ဖြစ်သည်
ဟိုသုံးကောင်ကကိုယ်မပါရင်
သူတို့ခံလာရမှာသေချာတယ်
မြန်မြန်စားပီး မြန်မြန်သွားရမယ်

"ဒါ သားကြိုက်တဲ့ ရှမ်းခေါက်ဆွဲ
မာမီကိုယ်တိုင်ချက်ထားတာ....
အများကြီးစားနော်"

မောင့်ဘဝကိုပိုင်ဆိုးပါသောခင်ဗျားရယ်(မောင့်ဘဝကိုပိုင်ဆိုးပါသောခင်ဗျားရယ်)Where stories live. Discover now