တိမ်လွှာနီနီတွေနဲ့ ဝင်လုဝင်ချင်ဖြစ်နေတဲ့ နေလုံးကြီး ။ ငှက်အချို့ဟာလည်း အိပ်တန်းတက်ရန် ပြင်ဆင်နေကြကြီး တစ်စုပြီးတစ်စု ကောင်းကင်ထက် စီးတန်းပျံကြလို့။
စာကြည့်ပြီးလို့ အညောင်းအညာ ပြေစေရန် ခြံထဲ လမ်းဆင်းလျှောက်နေတဲ့ ဂျုံဆောင်းဟာ မထင်မှတ်ပဲ အိမ်ရှေ့မှာ ရပ်ထားတဲ့ ကားနဲ့ လူတစ်ယောက်ကို သတိထားမိသွားသည်။
ဒီလမ်းဟာ လူကုံထံတွေရဲ့ ရပ်ကွက်ဖြစ်တာမို့ ယာဉ်ကြော အရှုပ်အရှင်းရယ် မရှိ။
ကိုယ့်ကိုသာ စိုက်ကြည့်နေတာမို့ ဘာလုပ်လို့ လုပ်ရမှန်း မသိဖြစ်နေစဥ် အင်္ကျီအဖြူနဲ့ ဘောင်းဘီအနက်ကို ဝတ်ဆင်ထားတဲ့ ထိုလူက ခေါင်းတစ်ချက် ဆက်ပြကာ သူ့နား လာဖို့ အချက်ပေးတော့ မကြောက်မရွံ ကပ်သွားလိုက်မိတာများ။
အနားရောက်သွားမှ သေချာကြည့်မိတာ ထိုလူရဲ့ လက်ထဲမှာ ဆေးလိပ်တစ်လိပ်နဲ့ ကားအဖုံးပေါ်မှာ ဘူးတစ်ဘူးနဲ့ Limited edition Lighterလေးတစ်ခု ရှိနေလေရဲ့။
အူကြောင်ကြောင် ဆက်ကြည့်နေမိတော့ တိတ်ဆိတ်မှုလေးက ဖြိုခွဲခံလိုက်ရသည်။
"ကိုယ့်ကို တစ်ချက်လောက် မီးညှိပေးပါလား.....လေတိုက်နေလို့"
Lighterကို ပေးပြီး သွေးကြောစိမ်းတို့ ဖြာယှက်နေတဲ့ လက်သွယ်သွယ်နှစ်ဖက်ဟာလည်း ဆေးလိပ်ကို ကာရံထားရင်း ကျွန်တော်ကတော့ မီးစလေး စွဲအောင် လုပ်ပေးလိုက်သည်။
မီညှိပေးပြီးတဲ့ နောက် ဆေးလိပ်ငွေ့တို့ကို ရှိုက်ဖွာလိုက်တဲ့အချိန် ထွက်လာတဲ့ အနံ့ကို ဂျုံဆောင်း မနှစ်မြို့။ ကိုယ်တိုင်က အရက်သေစာနဲ့ ဆေးလိပ်တွေကို ရှောင်ရှားလို့လည်း ပါပါတယ်။
"တက္ကသိုလ် ကျောင်းသားလား"
"ဟုတ်ကဲ့"
ဆေးလိပ် တစ်လိပ် ကုန်သွားချိန်မှာ ထိုသူက ဘောင်းဘီအိတ်ထဲရှိ စတော်ဘယ်ရီ ချိုချဉ်လေး နှစ်လုံးကို ထုတ်ယူသည်။ဆေးလိပ်သောက်ပေမဲ့ အနံ့စွဲနေမှာ မကြိုက်လို့ ထင်။ချိုချဉ်လေးကို ငုံလိုက်ရင်း တစ်လုံးကိုတော့ ကျွန်တော့်လက်ထဲ ထည့်ပေးလာသည်။
YOU ARE READING
Strawberries and Cigarettes
Romance-စတော်ဘယ်ရီလို ချိုမြိန်ပြီး ဆေးလိပ်ရဲ့ ခါးသက်သက် အရသာလည်း ရှိတဲ့ ဒီ နှုတ်ခမ်း တစ်စုံဟာ ကျွန်တော့် အပိုင်-