"နောက်ဘက် က ထွက်သွားလိုများလား
သူဠေး?"

"နောက်ဘက်ခြံတံခါးမှာလည်း cctvရှိတာပဲ!!"

"အာ့တာက ပျက် ပျက်နေပါတယ် "

"ကျစ်!!"

ကားပေါ်သာရောက်လာခဲ့ပေမယ့်
သူအတွေးတွေများနေခဲ့သည်။

ကင်မ်ဆော့ဂျွန်း  လိုချင်တာဘာလဲ?
ဘာမှအပြစ်မရှိတဲ့ဂျီမင်းလေးကို ဓားစာခံလုပ်ပြီး တောင်းဆိုချင်နေတာ ဘာပါလိမ်!!!!

"သူဠေး ဖုန်းလာနေတယ်!!"

ဒီတော့မှ သူသတိဝင်ကာ ချက်ချင်းကိုင်လိုက်မိတော့ တဖက်ကကြားလိုက်ရသည်အသံ။

သူတဲ့လား?

‌ငွေကြေး ၊ ပစ္စည်းတွေ မဟုတ်ဘဲ

သူကိုတဲ့လား?

" Gangwon-do!!
Gangwon-do taebek ကိုမောင်း
ဒါရိုက်ဘာ လီ !!
အာ့မှာ ကင်မ်ဆော့ဂျွန်း ရှိနေတယ်တဲ့
မဟုတ်ဘူး ဒါရိုက်ဘာလီ ခင်ဗျားဆင်းနေခဲ့
တော့!!!

ဆော့ဂျွန်းပြောသည်အတိုင်း  သူတယောက်ထဲသာ လာခဲ့ရမည်ဟုသော စကားကြောင့် ရဲစခန်းကို အကြောင်းမကြားခဲ့သလို ဘယ်သူကိုမှလည်း အသိမပေးခဲ့တော့ပါ။

~~~~

အိမ်ထဲနေခဲ့ဟုသောစကားကြောင့် သူနေခဲ့ရပေမယ့် ထိုင်နေလိုတောင်မရခဲ့ပါ ။
ဧည်ခန်းမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသလို လက်သည်းတွေလည်း ကိုက်နေခဲ့မိသည်။

အကိုဆော့ဂျွန်းရယ်
ဘာတွေများထပ်ပြီးလုပ်ဖို့ ကြံနေရပြန်တာလည်း
ဘယ်လောက်ထိ ဆိုးဝါးဖို့ လုပ်နေရတာလဲဗျာ~~

ဘာမှမသိတဲ့ ကလေးငယ်လေးကို ဘာကြောင့် အခုလို ဖမ်းခေါ်သွားရတာလဲ~~

စိတ်ပေါက်ပြီး ကလေးငယ်ကိုတော့ ဘာမှ
မလုပ်လိုက်ပါနဲ့ အကိုရယ်။

ဒီအချိန် စားပွဲထက်က အထိုင်ဖုန်းလေးမှ
မြည်လာတော့ အန်တီယွန်းကကိုင်ဖို့ပြင်သည်။ သို့ပေမယ့် စိတ်ပူနေတဲ့သူကပဲ
အလျင်အမြန်ကိုင်လိုက်ကာ တဖက်ကကြားရမယ့် သတင်း‌ေတွကိုအမြန်ဆုံးနားထောင်းလိုက်တော့~~~

"ဗျာ!! '

"........."

"သိ သိပါပီ့~~ သိပါပြီ လို "

Same But Different ☑️ Complete Tempat cerita menjadi hidup. Temukan sekarang