38

3.3K 435 114
                                    

အခုအခြေအနေကြီးက
အိမ်မက်များလား?
မဟုတ်ဘူး!! ပါးတွေရော ၊ လည်ပင်းတွေပါ
နာနေတာ အိမ်မက်မဟုတ်ဘဲ!!

ဂျောင်ကုရင်ခွင်ထဲ ငြိမ်ငြိမ်လေးနေနေပေမယ့် အတွေးပေါင်းစုံဝင်နေတဲ့ ဆော့ဂျင်ဟာ
လက်ရှိအခြေအနေအပေါ် ဆုံးဖြတ်ရခက်နေတုန်း။

"အိပ် အိပ်ပျော်သွားတာလား?"

အသက်ရူသံပုံမှန်ဖြစ်ကာ မျက်လုံးတွေမှိတ်ကျသွားသော ဂျောင်ကု မျက်နှာရှေ့ လက်လေးဝှေ့ယမ်းမိတော့ မျက်တောင်တွေခတ်မလာ။

"တကယ်ပဲအိပ်ပျော်သွားပြီပဲ!!"

ဂျောင်ကုရင်ဘတ်နှင့်အပ်နေသည် မျက်နှာလေးကိုမော့ကာ သူ့ခါးပေါ်ရောကါနေသည် လက်တွေကိုဖြေလျော့လိုက်သည်။
ြပီးမှသူကိုယ်ကို အပေါ်သို့တိုးရင်း
ဂျောင်ကု မျက်နှာနဲ့ တညီထဲ ဖြစ်အောင် လုပ်သည်။

"အခုလိုကြ ကျတော်နဲ့ဂျွန်က အရပ်တူတူပဲ
ဟီး ဟီး !!
ဂျွန် မျက်နှာကျက လှလိုက်တာ~~
မေးရိုးတွေလည်းထင်းလို မိုက်လိုက်တာ
အာ့ ~ မေးစေ့အောက်မှ ခပ်ဆူးဆူးနဲ့~~
ဂျွန်က မုတ်ဆိတ်တွေရိတ်ထားတာကိုး!!

အိပ်ပျော်နေတဲ့
ဂျောင်ကုမျက်နှာရဲ့ အစိတ်အပိုင်းတွေကို ခပ်ဖွဖွ လိုက်ထိတွေ့ရင်း ဆော့ဂျင်အတွေးတွေကပိုများလာခဲ့သည်။

~~ ဂျွန်လက်မှာ အကြောစိမ်းတွေက ထင်းလို!! ကျတော်မှာကျ ဘာလို့မရှိရတာလဲနော်~~

ဂျွန်လက်ကိုသ‌ေဘာတကျဖြင့်
ကိုင်ကြည့်နေရင်းက အတွေးတခုခေါင်းထဲဝင်လာလို သူအပြုံးတွေတန့်သွားမိ‌သည်။
ကိုင်ကြည့်နေခဲ့မိတဲ့ ဂျွန်လက်ကိုလည်း လွှတ်လိုက်သလို ခေါင်းကိုလဲ ငုတ်ချမိခဲ့တော့တယ်။

အကို~~ ဆော့ဂျွန်း~~

~~~~~

"ကိုကို ဆော့ဂျင် ပါးပေါ်က ဘာဖြစ်တာလဲ?"

ဂျီဂျီလေးရဲ့ အမေးကြောင့် ညစာပြင်ဆင်နေတဲ့ ဆော့ဂျင် တုန့်ဆိုင်းသွားသလို လက်တွေက အလိုလို အကျီစတွေဖြင့် လည်ပင်းတွေကိုဖုံးလိုက်မိသည်။

"ကိုကို!!"

"ဟမ်!! "

"သားမေးနေတယ်လေ ကိုကိုပါးက ဘာဖြစ်တာလဲလို ပြီးတော့ မိုးရည်ထဲမှာဆော့နေရင်း
ကိုကိုက ဘယ်ထွက်သွားလိုက်တာလဲ?"

Same But Different ☑️ Complete Where stories live. Discover now