ကားထဲမှတဆင့် အိမ်မကြီးတခုအတွင်းသို့
တရွတ်တိုက်ဆွဲမတက် ခေါ်လာခြင်းခံရတဲ့
ဆော့ဂျင် ကြောက်လန့်တကြားရုန်းနေခဲ့ပေမယ့်
သူလုပ်တွေဟာ အချည်းအနှီးသာ။"အ့!!"
အောက်သိုးသိုးအနံ့လို ၊
မှိုနံ့လိုလို ရနေသည့် အခနိးတခုအတွင်းသို့ သူကိုယ်ကို မညှာမတာ ပြစ်သွင်းခြင်းခံရလိုက်သည်မို့ နာကျင်စွာဖြင့် ညည်းညူမိသွားသည်။"မင်း ငါကို တသက်လုံး ပြန်မတွေ့နိုင်တော့ဘူးလို ထင်နေတာလား!!!
"ခင်ဗျား ဘယ်သူလဲ !!
ကျတော် ခင်ဗျားကိုမသိဘူး ~
ခင်ဗျား ဘာကြောင့် ကျတော်ကိုအခုလိုလုပ်ရတာလဲ ~ "ကြောက်ရွံထိတ်လန့်နေပေမယ့် ဆော့ဂျင်မေးခွန်းထုတ်မိတော့ သူပါးပြင်ပေါ် ကျရောက်လာခဲ့တဲ့ ရိုက်ချက်တွေကြောင့်
တကိုယ်လုံး ထိုအခန်း၏ကြမ်းပြင်ပေါ် လဲကျသွားတော့သည်။သူကို စိတ်ရှိလက်ရှိရိုက်နေခဲ့တဲ့ ထိုလူက
သူအကျီလည်ဟိုက်နေရာမှ စောင့်ဆွဲထားပြန်ရင်း။"အရမ်းေတွပျော်လွန်ခဲ့လို ငါကိုတောင်မေ့သွားပြီလို
ပြောချင်နေတာလား ကင်မ်ဆော့ဂျင်!!!
ငါ ပိုက်ဆံတွေကို သုံးဖြုန်းပြီး
ပျော်ပါးနေရလွန်းလို
မင်းသောက်ရူးကွက်တွေကြားမြောခဲ့တဲ့
ဒီကကောင်ကို မေ့သွားပြီလို ပြောချင်တာလား!!!"မီးရောင်ဖျော့ဖျော့သာရှိသည့် ထိုအခန်းအတွင်း ထိုလူသား၏ ဒေါသတကြီးအော်သံဟာ ဟိန်းထွကါနေခဲ့သည်။
ဆော့ဂျင်လည်ပင်းနေရာက အရမ်းအစ်လာသည်မို့ ထိုလူလက်တွေကို အတင်းဖယ်မိရင်း
ခေါင်းကို အဆက်မပြတ်ခါမိသည်။ထိုလူပြောနေသည့်စကားတွေကို သူတခုမှ
နားမလည်ပါ။
ရုတ်တရက်ပေါ်လာပြီး သူကိုရိုက်နှုက်ခဲ့တဲ့
ထိုလူသားကို ယခုမှသာ ပထမဆုံးတွေ့ဖူးခဲ့ခြင်းပင်။"မဟုတ်ပါဘူး~~ ကျ ကျတော်
ခင်ဗျားပြောတဲ့ လုပ်ရပ်တွေ မလုပ်ခဲ့ပါဘူး~
ကျတော် တကယ်မသိတဲ့ ကိစ္စပါ~~""တောင်းပန်တယ်စကားကို အကြိမ်တထောင်
မက ပြောရင်တောင် မလုံလောက်တဲ့ မင်းက
ကိုယ်လုပ်ခဲ့လုပ်ရပ်ကိုဝန်မခံဘူးပေါ့လေ !!"
YOU ARE READING
Same But Different ☑️ Complete
Fanfictionမင်းကသူမဟုတ်မှန်းသိပေမယ့် ကိုယ်အနားက ထွက်သွားခွင့် မပြုနိုင်ခဲ့ဘူး ၊ မင်းကို သူထက်ပို ချစ်သွားလိုထင်ပါရဲ့ ။