{Unicode}
...ပျိုးငယ်... ငါ မင်းကို ...
သတ်ပစ်ချင်လာအောင်
မလုပ်နဲ့...။***
မနက်ဖြန် တောင်းရမ်းရမည့်နေ့...။
ဒီနေ့မှာတော့ ကျွန်တော်တို့ တောင်းရမ်းဖို့ ကိစ္စကို စီစဥ်နေကြသည်။ အမေကတော့ အစကတည်းက လူမူရေးအပိုင်းနှင့် အတော်လေး ၀င်ဆံ့ခဲ့သည်မို့ အခုလို ပွဲမျိုးဆိုရင် ရှောက်လှိမ့်ပြီးမှတော့ ထုံးစံအတိုင်း သံပုရာလှိမ့်လာသည်။
အမေ့လူများနှင့် အဆင်ပြေနေသည်မို့ ကျွန်တော်ကတော့ လူရှုပ်တာ မကြိုက်သည်မို့ စက်ရုံထဲမှာပဲ ေ၀ကြီးတို့ဖြင့် ရှိနေမိသည်။ ေ၀ကြီးကတော့ အမေတို့နှင့်အတူ တလှုပ်လှုပ် ရှိနေသည့် ပျိုးငယ်ကို ပြုံးပြုံးကြီးကြည့်ကာ ကျွန်တော့်ကို ကြည့်လာပြန်သည်။
"အဟမ်း! အဦးတို့များ ကြိုက်လိုက်ရင် ဒိတ်ဆိုမှပဲနော်။ မင်း ဒီကို ပြန်လာတာမှ သိပ်မကြာသေးဘူး။ တွေ့ပြီးတာမှ မကျန်သေးဘူး... နှစ်လအတွင်း အပိုင် သိမ်းလိုက်တာပဲနော်။ ဘယ်လိုလဲ? မြန်မြန်ဖြေ ငဦး.. မင်း အဲ့ဒါလေးကို ကြည့်ကြည့်ပြီး အူယားနေတာမလား?"
ေ၀ကြီးကတော့ ဒီနှစ်လအတွင်း ပျိုးငယ့်ကို တွေ့ပြီးသည်နှင့် သူ့ကို အတင်းမေးခဲ့တာမို့... သူကတော့ဖြင့် ကျွန်တော့်စိတ်ကို အသိရှိဆုံး ပုံစံမျိုးပင်။ ကျွန်တော်လည်း ပြုံးရုံသာ ပြုံးလိုက်ပြီး ကျွန်တော်နှင့်မနီးမေ၀းမှာ သက်၀င်လှုပ်ရှားနေသည့် ကောင်းခြင်းငါးဖြာထက် ဘယ်လိုပြောရမလဲ ... ပြည့်စုံသည့် အဲ့ဒီအလှတရားကို ငေးကြည့်နေမိသည်။