သူတို့နှစ်ယောက် မျိုးနွယ်စုကို ပြန်ရောက်တဲ့အခါ၊ ခဲယ်လ်တစ်က လူသားအသွင်ကိုပြန်ပြောင်းသွားပြီး ပိုင်မုရဲ့ကျောပေါ်က  နောက်ကျောလွယ်ခြင်းတောင်းကို ယူကာ အိမ်ကို  ပိုင်မုနဲ့ ဘေးချင်းယှဉ်လျှောက်ပြန်ခဲ့ကြတယ်။  လမ်းမှာ သူတို့က မိုရနဲ့ သူ့အဖော်အန်ဒီတို့နဲ့ ဆုံခဲ့တယ်။ 

ပိုင်မုက အန်ဒီရဲ့ ဗိုက်ကို ကြည့်ပြီး သူ့ပါးစပ် တွန့်သွားတယ်။  ကိုယ်ဝန်ရှိနေတဲ့ အမျိုးသားတစ်ယောက်ကို ရုတ်တရက်တွေ့လိုက်ရတာက အနည်းငယ်‌တော့ လက်မခံနိုင်စရာပဲ။ သူ့(အန်ဒီ)မှာ ကိုယ်ဝန်ရှိနေတာကို သူသာ မသိပါက ဒီလူမှာ ဘီယာဗိုက်ရှိနေတယ်လို့ သူထင်မိလိမ့်မယ်။

အရင်က  အမျိုးသားတွေ ကလေးမွေးနိုင်တယ်လို့ သူတစ်ခါမှ မမြင်ယောင်ကြည့်ဖူးဘူး။ သတင်းတွေထဲ ကလေးမွေးနိုင်တဲ့အမျိုးသားရှိတယ်ဆိုပြီး ပေါ်လာခဲ့ရင်တောင် အဲ့ဒီအချိန် နည်းပညာမြင့်မားလာလို့ ဖြစ်လာတဲ့ပစ္စည်းလို့ပဲ သူထင်မှာ။ ဒီနေရာက သဘာဝဆန်တဲ့ ပတ်ဝန်းကျင်က အမျိုးသားတွေကတော့ သူတို့မှာ ကလေးမွေးဖွားတဲ့ ကိုယ်ပိုင်လုပ်ဆောင်ချက်တွေ ရှိကြပါတယ်။ 

ကိုယ်ဝန်ရှိနေတဲ့ အမျိုးသားတစ်‌ယောက် ကို ပိုင်မုက ပထမဆုံးအကြိမ်အဖြစ် တွေ့ဖူးတာဖြစ်ပြီး အန်ဒီကို အမူအရာမရှိဘဲ ကြည့်နေခဲ့တယ်။

"အားမို မင်း ဘယ်သွားမလို့လဲ" ခဲယ်လ်တစ်က နှုတ်ဆက်ဖို့ ခြေလှမ်းပြင်လိုက်တယ်။

"အန်ဒီက မကြာသေးခင်ကမှ ဆိုးဆိုးရွားရွား အန်နေတာ သူ အစားမစားတော့ဘူး ငါ သူ့ကို ကြီးမြတ်တဲ့စုန်းမဆီ ခေါ်သွားပြီး ကို ပြမလို့" အားမိုက ပြောပြီး အန်ဒီကို စိုးရိမ်တကြီး ကြည့်လိုက်တယ်။ဒါပေမယ့် ကလေးအတွက်၊ သူ့(အန်ဒီ)ကိုယ်သူစားဖို့ တွန်းအားပေးရမယ်။ နောက်ဆုံးအကြိမ်က သူ(အားမို) ခဲယ်လ်တစ်ရဲ့အိမ်က ယူပြန်လာတဲ့ အာလူးတွေကို သူ(အန်ဒီ)ကြိုက်ပေမယ့်လည်း ကံမကောင်းစွာနဲ့ အာလူးတွေက နောက်ပိုင်းမှာ ‌မျိုးတုန်းသွားပြီး အားလူးကြီးထွားလာဖို့ သူ စောင့်ဆိုင်းနေခဲ့ရတယ်။

ပိုင်မုက အန်ဒီရဲ့ မျက်နှာ ဖြူဖပ်ဖြူရော်ဖြစ်နေတာကို မြင်လိုက်ရတယ် ၊ သူ့ခန္ဓာကိုယ်က ပိန်လှီပြီး သူ့ရဲ့ အသားအရေ ကလည်း အရမ်း မကောင်းမွန်နေဘူး။  အားမိုဆီကကြားရတဲ့ လက္ခဏာတွေက ပြင်းထန်တဲ့ ကိုယ်ဝန်ဆောင်ကာလကြောင့် ဖြစ်ရမယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now