"ဒါက အစာကို အချိန်အကြာကြီး ထိန်း သိမ်းထားနိုင်တာလား" ဒါပေမယ့် ဆားတွေ့တုန်းက ပိုင်မုအရမ်းပျော်တာကို သူမတွေ့ဖူးဘူး။

"မဟုတ်ဘူး၊ ဒါက အစားအသောက်ကို ပိုအရသာရှိအောင် လုပ်ပေးနိုင်တာ"  ပိုင်မုက ပြောပြီးနောက် နေရာလွတ်ထဲ ၀င်ပြီး ခြင်းတောင်းသေးသေးလေးကို ယူထုတ်လာကာ သစ်ပင်ပေါ်ရှိ အရွက်တွေကို စတင်ခူးလိုက်တယ်။

နည်းနည်းအသုံး၀င်လောက်ပါတယ်လို့ ခဲယ်လ်တစ်က ခံစားမိပေမယ့် အရင်က ဆားကို လက်တွေ့အသုံးပြုပြသလိုမျိုးတော့  မလုပ်ပြတာကြောင့် သူက နားမလည်ပါဘူး။ ဒါပေမယ့် ပိုင်မုက အရွက်ခူးနေတာတွေ့တော့ သူက အကူအညီပေးဖို့ ခြေလှမ်းပြင်လိုက်တယ်။

ခြင်းတောင်းသေးသေးလေးတွေမှာ အရွက်တွေ ပြည့်သွားပြီးနောက် ပိုင်မု နေရာလွတ်ထဲကိုဝင်ပြီး သိုလှောင်ခန်းထဲမှာ အရွက်‌တွေကိုထည့်လိုက်ကာ အရွက်တွေကို ဆက်ခူးဖို့ ပြန်ထွက်လာခဲ့တယ်။  ခုနစ်ခေါက်လောက် ခေါက်တုံ့ခေါက်ပြန် နေရာလွတ်ထဲ အ၀င်အထွက်လုပ်ပြီးနောက် ပိုင်မုက ရပ်လို့ရပြီလို့ ခံစားလိုက်ရတယ်။ 

ထို့နောက် ပိုင်မုက နောက်ထပ် တူရွင်းပြားလေး နှစ်ချောင်းကို ထုတ်ကာ ခဲယ်လ်တစ်ကို ပေးလိုက်ပြီး တောထဲ လှည့်ပတ်သွားကာ ပင်ပျိုသေးသေးလေးတွေကို စတင်ရှာဖွေကြတယ်။  မကြာခင်မှာပဲ သူ့ခါးနားထိမြင့်တဲ့ ပင်ပျိုတစ်ပင်ကိုတွေ့ပြီး ခဲယ်လ်တစ်ကို အမြစ်ကနေ တူးခိုင်းလိုက်တယ်။  တစ်မီတာမြင့်တဲ့ ပင်ပျိုတစ်ပင်ကိုလည်း တွေ့ထားတာကြောင့် ဂရုတစိုက် တူးဖို့ စီစဥ်ထားတယ်။ ခဲယ်လ်တစ် တူးထားတဲ့ပင်ပျိုက သူ ‌နေရာလွတ်ထဲမှာ  စိုက်မှာ။ အခု သူ တူးထားတဲ့ပင်ပျိုကတော့ ယူပြန်ပြီး မြေကြီးထဲ စိုက်ဖို့အတွက် အသင့်ပဲ။  သူ့အစီအစဥ်အရသာဆို အနာဂတ်ကျရင် သူ့ခြံထဲ အပင်အပြည့်ဖြစ်လာမှာဖြစ်သောကြောင့် အရွက်ခူးဖို့ တောထဲထိသွားစရာမလိုတော့ဘူး။

တူးပြီးသွားတဲ့အခါ ပိုင်မုနဲ့ခဲယ်လ်တစ်တို့က အိမ်ရှေ့ရှိ မြေကွက်လပ်ကျယ်မှာ ပိုကြီးတဲ့ပင်ပျိုများကို စိုက်လိုက်ကြတယ်။  နောက်ကျောလွယ်ခြင်း‌တောင်းထဲ ပျိုးပင်ပျိုတွေရှိပြီး baobabအချို့နဲ့ ခရမ်းချဉ်သီး၊  ဖရဲသီးနဲ့၊ MSG အပင်အရွက်၊ မြက်သီးတွေနဲ့ ငရုတ်ကောင်းတို့ကို ထည့်ထားတယ်။

နေရာလွတ်နှင့်အတူသားရဲကမ္ဘာဆီသို့ [COMPLETE]✓Where stories live. Discover now