အပိုင်း၉(ဇာတ်သိမ်း)

264 27 27
                                    

-သူတို့ယွန်းဂီထွက်သွားချိန်တွင် ဖိနပ်ကြိုးတွေကိုပြန်ချည်ကာ ပြေးပြီးကားယူရန်အသင့်ပြင်နေကြသည်။-

"Beomgyu....ကားပေါ်ရောက်တာနဲ့ စက်နှိုးထားလိုက်နော်...ပြီးရင် နောက်ခန်းတံခါးဖွင့်ပြီး ယွန်းဂီဟျောင်းဝင်လို့ရအောင် တစ်ခါတည်းအသင့်ပြင်ထား။ "

"ဟုတ် taehyunie hyung"

"Hueka...beomgyuနဲ့အတူလိုက်သွားပြီး soobinကို နောက်ခန်းအထိတွဲခေါ်သွားပေး။ ကျန်တာကျောင်းသား၊ yeonjun hyungနဲ့ hyungနဲ့ရှင်းလိုက်မယ်။ တစ်ယောက်မှမထိခိုက်စေနဲ့နော်။ "

"ဟုတ်..."
.
.
.
Yoongi POV:

- huekaဆီမှယူလာသော ဘေ့စ်ဘောတုတ်ကို လက်တွင်ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားကာ ဖုတ်ကောင်တွေရှေ့သွားရပ်လိုက်သည်။ ထို့နောက် ကာရံထားသော သံဇကာခြံစည်းရိုးကို တုတ်ဖြင့်ရိုက်ကာ အော်လိုက်သည်။ -

"သေချင်တဲ့အကောင်တွေထွက်ခဲ့...။
ငါ မင်ယွန်းဂီက ဒီတုတ်နဲ့အဆုံးသတ်ပေးမှာမလို့ဘဲ။"

-zombieတွေကလည်း ယွန်းဂီ၏အသံကြားရာနောက်သို့ ပြေးလိုက်ကြသည်။ သူတို့ယူမည့်ကားနားက ဖုတ်ကောင်တွေပါပါဝင်သည်။ ယွန်းဂီလည်းအော်ကာ လျှောက်လမ်းအတိုင်းပြေးလိုက်သည်။ -

-ယွန်းဂီအော်သံကြားတော့ ဖုတ်ကောင်များပြေးလိုက်သွားသလို တစ်နေရာမှ ဟျူးနင်းတို့ကလည်း ကားနားသို့ soobinကိုတွဲကာ ပြေးသွားကြသည်။ yeonjun နှင့် taehyunကတော့ ကျန်ရှိနေသေးသော လက်ကျန်ကောင်များကို သတ်ပစ်​နေပြီး ကျောင်းသားလေးက နောက်တံခါးဆီသို့အရင်ကြိုပြေးကာ ဖွင့်နေသည်။ -

A boy POV:

*တံခါးကဘာလို့မပွင့်တာလည်း....
အာ...သော့ခတ်ထားတာကိုး။ "

-တံခါးလက်ကိုင်နှစ်ခုကို ချိန်းကြိုးဖြင့်တွဲပြီး သော့နှင့်ခတ်ထားသည်ကိုကြည့်ပြီး ပြောနေခြင်းဖြစ်သည်။-

Beomgyu POV:

-soobinလည်း ပြေးနိုင်ကြောင်းပြောကာ beomgyuလက်တစ်ဖက်ကိုလွှတ်လိုက်သည်။ beomgyuက ကားတံခါးဖွင့်ကာ အသင့်ထိုးထားပြီးသားရှိနေသော ကားသော့ကိုစက်နှိုးလိုက်သည်။ -

Not Today [Completed]Kde žijí příběhy. Začni objevovat