အပိုင်း၈

167 23 4
                                    

"Hyung....!!!"

"Huening....
ဘယ်တွေလျှောက်သွားနေတာလည်း။
ကိုယ်နိုးလာတော့ huekaကိုမတွေ့လို့ ဘယ်လောက်ခေါင်းမီးတောက်သွားရလည်း...."

"Soobinရဲ့ခြေထောက်က ဆေးမထည့်ရသေးသ၍ နာနေဦးမှာ။ အဲ့ဒါနဲ့ သူ့ကိုခေါ်ပြီးသွားလိုက်တာ။ "

"Soobinကလည်းကွာ....
နာနေရင်ကိုယ့်ကိုပြောပါလို့ပြောရဲ့သားနဲ့...။ "

"Hyung အိပ်နေတာနဲ့မနှိုးရက်..အဲ မနှိုးချင်လို့ hueningkaiနိုးလာလို့ သူနဲ့သွားလိုက်တာ။ "

"ကျစ်...အခုရောဘာဖြစ်သွားသေးလည်း။ "

"ဘာမှမဖြစ်ပါဘူး။
လမ်းမလျှောက်နိုင်လို့ ပိုးလာတာ။
ခေါ်ပါဦး...ကျွန်တော်ညောင်းနေပြီ။ "

- ကျောပေါ်မှ soobinကို ချကာ စားပွဲနောက်က သူထိုင်နေသောနေရာသို့သွားပြီး ထိုင်ခိုင်းလိုက်သည်။ -

"သူကရော ဘယ်သူလည်း"

"သေနတ်ကြီးကို ချလိုက်ပါ....။
ဒီက သုတေသနမှူးပါ။
နာမည်က Min Yoongiတဲ့...။ "

"အွန်း...အွန်း။ "

- ထိုအခါမှ သေနတ်ကိုဖြေးဖြေးချင်းချကာ ဝါးစားမတတ်ကြည့်နေသော taehyunပင်။ -

-yoongiလည်း အထဲဝင်ကာ တံခါးပိတ်ပြီး စမ်းသပ်ခန်းထဲဘာများရှိနေမလည်းဟူ၍ ရှာတော့သည်။ -

"နင်တို့ အိပ်ဆောင်ကို ပြန်သွားကြဦးမှာလား။ "

"အခြေအနေအရဘဲ chae...."

"ပြန်သွားမှရမယ် ။
အဲ့ဒီမှာ...Harinကျန်သေးတယ်။ "

"အန္တရာယ်များတယ်။ "

"ငါ့ကောင်မလေးလည်း အဲ့အထဲမှာဘဲ။ "

-အိပ်ဆောင်ထဲမှ လူတွေကိုသွားကြည့်ရန် ပြောသော Yoongi နှင့် Chaeyoung ။-

"ငါ့ကောင်မလေးကို...ဓာတ်ခွဲခန်းထဲမှာမထားချင်လို့ အိပ်ဆောင်ထဲပို့ထားတာလေ...ဘာလည်း...ဘာလာကြည့်တာလည်း။ "

"မဟုတ်ပါဘူး....
ဒီတော့ ခဏနေလို့မှ အခြေအနေပိုဆိုးမလာဘူးဆိုရင် အိပ်ဆောင်ဘက်ကို ကူးကြရအောင်။ "

"အိပ်ဆောင်မှာ အဆင်ပြေကြမှာပါ။
တံခါးလုံအောက်ပိတ်ထားလိုက်ရင် အထဲကလူတွေ အကိုက်မခံရလောက်ဘူး။ "

Not Today [Completed]Where stories live. Discover now