အပိုင်း(၄)

92 8 0
                                    

Unicode

ခါနွေဦးလက်ထဲကပိတောက်ပန်းတွေကိုတစ်ဝက်ခွဲလိုက်သည်။တစ်ဝက်ဆိုတာထက်ကျောက်ဖျာပေါ်ကိုတင်လိုက်တာကပိုများနေလေသည်။အမေကလည်းပိတောက်ပန်းတွေကိုကြိုက်သည်လေ။

"ရပြီ သွားရအောင် အိမ်ပြန်မယ်"

"မင်းအမေ့ကိုမနှုတ်ဆက်တော့ဘူးလား"

အစကပြုံးနေတဲ့ခါနွေဦးရဲ့အပြုံးလေးတွေကမှေးမှိန်သွားပြီးလက်ထဲကပိတောက်ပန်းတွေကိုခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။ခွန်းသောက်လည်းရင်ထဲထိတ်ခနဲဖြစ်သွားကာချော့ရတော့မလိုပိတောက်ပဲပိတ်နေရတော့မလိုလိုဖြစ်နေတော့သည်။

"မေမေ့ကိုငါနှုတ်ဆက်လည်းမကြားနိုင်တော့ဘူးလေ ငါမေမေ့အတွက်ပန်းတွေလာထားပေးတယ်ဆိုတာကလုပ်ရိုးလုပ်စဥ်တစ်ခုတင်ပါ"

ခါနွေဦးမပြုံးတော့ရင်ကိုခွန်းသောက်မှာမနေတတ်မထိုင်တတ်ဖြစ်လာရလေသည်။သူစိတ်အားငယ်တတ်တာကိုသိလျက်သားနဲ့ပြောလိုက်မိတဲ့ကိုယ့်ပါးစပ်ကိုအပ်နဲ့သာချုပ်ထားလိုက်ချင်သည်။ခွန်းသောက်သက်ပြင်းချကာပိတောက်ပန်းကိုင်မထားတဲ့ခါနွေဦးရဲ့အခြားလက်တစ်ဖက်ကိုဆုပ်ကိုင်လိုက်သည်။

"မင်းမှာငါရှိသေးတယ်လေ ဝမ်းမနည်းပါနဲ့"

အဲ့တော့မှခါနွေဦးကသူ့ကိုခေါင်းမော့ကြည့်ပြီးသဘောတူတဲ့အပြုံးမျိုးပြုံးပြလာသည်မလို့ခွန်းသောက်လည်းလိုက်ပြုံးမိသည်။တကယ်တော့သူပြောချင်တာကဒီလိုမဟုတ်ခဲ့။နွေဦးကသာသူ့အတွက်ရှိနေပေးတဲ့အလင်းတန်းငယ်လေးတစ်ခု။သူ့အတွက်ပထမဆုံးအဖော်မွန်ဖြစ်လာခဲ့တဲ့လူဟာခါနွေဦးကလွှဲပြီးဘယ်သူများရှိရဦးမှာလဲ။

"ဟေ့ အဲ့တာခါနွေဦးမဟုတ်လား"

ရုတ်တရက်သူတို့နဲ့ဆန့်ကျင်ဘက်ကနေထွက်ပေါ်လာတဲ့အသံကြောင့်နှစ်ယောက်သားကျောပေးထားရာကလှည့်ကြည့်မိသည်။ခါနွေဦးကတွေ့လိုက်ရတဲ့လူကြောင့်ချက်ချင်းမျက်မှောင်ကျုံ့သွားတော့သည်။သူနဲ့တစ်စက်မှမတည့်တဲ့သပြေမိုးရွာကကျော်ဖြိုး။မတွေ့လိုက်နဲ့။တွေ့တာနဲ့ချက်ချင်းရန်ပွဲဖြစ်တတ်သည်။ခါနွေဦးနဲ့တော့မဟုတ်ပေ။ခွန်းသောက်နဲ့။ခါနွေဦးကိုဆက်ဆက်ထိမခံဖြစ်တတ်တဲ့ခွန်းသောက်ကနည်းနည်းမှသည်းခံစိတ်မရှိပေ။

ပိတောက်ပန်းတို့ပွင့်စေလို(Complete)Where stories live. Discover now