After Falling In Love-9(Zawgyi)

En başından başla
                                    

"ဘွဲ့လွန် အိုဂျီယူမှာဆိုရင် အခုကတည်းက အချိန်ရရင်ရသလို အခွင့်အရေးကိုရှာပြီးလေ့လာထားရမှာလေ"

ယခုထိ ပို့စတင်ပင်မဝင်ရသေးသည့်သူ့အတွက် ဘွဲ့လွန်ကိုကြိုပြောနေသည့်လူကြီးအား ပိုရန်ကောဟု မငြူဆူရဲပါ။ ယခုကတည်းက ဘွဲ့လွန်အတွက် သူလေ့လာနေသမျှအား လင်းထက်နှင့်လာလာဆွေးနွေးနေတာမို့ ခေါင်းတွေ ပူရတာလည်း ခဏခဏပင်မဟုတ်ပါလား။ တစ်ခုတော့ ကောင်းပါသည်။ လင်းထက် ဘွဲ့လွန်တက်သည့်အခါ ဆရာအထွေအထူးရှာနေစရာမလိုတော့ဘူးပေါ့။

"ဪ ဒါနဲ့ ညက ကိုယ်ပို့ပေးတဲ့ကေ့စ်ကြည့်ပြီးပြီလား၊ အဲဒါ မင်းအစ်မမေသဇင် ဖတ်မဲ့ကေ့စ်၊ ကိုယ်ဖတ်မဲ့ကေ့စ်တော့ ညကျရင်ပို့ပေးလိုက်မယ်"

"ဟုတ် ညက ကိုပြည့်စုံဖတ်ခိုင်းထားတာတွေ ဖတ်နေရလို့ မဖတ်ရသေးဘူး၊ သည်ညမှ နှစ်ခုလုံးဖတ်လိုက်မယ်လေ"

တစ်ချက်တော့စောင်းငဲ့ကြည့်လာပေမဲ့ ဘာမှမပြောပါ။ ကိုပြည့်စုံဖတ်ခိုင်းထားသည့်ကေ့စ်ရှိလို့ဟု ခေါင်းခံထားလိုက်တာမို့ ဘာမှမပြောခြင်းဆိုတာ ဗေဒင်မေးစရာပင်မလို။ ဘာစာမှမလုပ်ဘဲသာ သူပို့ပေးသည်စာကိုမကြည့်ဘဲနေကြည့်ပါ့လား။ အခုကတည်းကပျင်းနေလို့ မရဘူး၊ သင်ယူမှုဆိုတာ စဉ်ဆက်မပြတ်လုပ်နေရမဲ့အရာ ဘာညာနဲ့ တဖျစ်တောက်တောက် ဆိုဦးမွာ။

မည်မျှပင် ချစ်သူရည်းစားသဘာဝ ချစ်ကြည်နူးတစ်တီတူးမှုတွေတိုးလာ တိုးလာ စာနှင့်ပတ်သတ်လျှင်တော့ စည်းကမ်းကြီးသည့် ထိုလူကြီးကြောင့် စာလုပ်ချိန်ဆို လင်းထက်တို့က ဆရာနဲ့တပည့်လိုပါပဲ။ အဲ...လင်းထက် လုံးဝမလုပ်ချင်တော့လို့ အပျင်းတစ်ဂျီကျပြီဆိုလျှင်တော့လည်း ချစ်သူတစ်ယောက်လို ချော့မော့တတ်တာလေးတွေတော့ ရှိလာပါသည်။

စာတွေကို ကိုယ့်ဘာကိုယ် တကူးတက အများကြီးရှာဖတ်နေစရာမလိုဘဲ ရှင်းပြမည့်လူအဆင်သင့်ရှိနေတာက မည်မျှကံကောင်းကြောင်း မမကတော့ ပြောရှာပါသေးသည်။

စာရှင်းပြတိုင်း တည်ကြည်သော သူ့၏မျက်နှာချောချောကို ငေးမောကြည့်ရင်း မမကို ပြန်ပြောပြချင်သည်။ စာရှင်းပြမှ မဟုတ္ဘူး...သည်တိုင်း သည်လူကြီးကို ပိုင်ဆိုင်ရတာကိုကပင် လင်းထက် ကံကောင်းလွန်းနေပြီဆိုတာပါပဲ။

သားဖွားခန်းက ရင်ခုန်သံ(သားဖြားခန္းက ရင္ခုန္သံ)(Complete)Hikayelerin yaşadığı yer. Şimdi keşfedin